သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက် နျူကလီယား အစီအစဉ်အပေါ် တောင်ကိုရီးယား သတိပေး


အသစ်ဖွဲ့စည်းထားတဲ့ စစ်တပ်အရာရှိတွေ ရဲ့ ကော်မရှင် အခမ်းအနား တက်ရောက်လာတဲ့ တောင်ကိုရီးယားသမ္မတ
( မတ် ၄၊ ၂၀၁၆)
အသစ်ဖွဲ့စည်းထားတဲ့ စစ်တပ်အရာရှိတွေ ရဲ့ ကော်မရှင် အခမ်းအနား တက်ရောက်လာတဲ့ တောင်ကိုရီးယားသမ္မတ ( မတ် ၄၊ ၂၀၁၆)

မြောက်ကိုရီးယားအစိုးရက သူ့ရဲ့ နျူကလီးယား အစီအစဉ်ကို ရှေ့ဆက် လုပ်ဆောင်နေမယ်ဆိုရင် သက်ဆိုးရှည်မှာ မဟုတ်ဘူး ဆိုတာကို တောင်ကိုရီးယား ဘက်က ရှင်းရှင်းလင်းလင်း ပြောရလိမ့်မယ် လို့ တောင်ကိုရီးယားသမ္မတ Park Geun-hye ကပြောဆိုလိုက် ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက သူ့ရဲ့စစ်တပ်ကို အချိန်မရွေး နျူကလီးယားလက်နက် ထုတ်သုံးနိုင်တဲ့ အသင့် အနေအထား ဖြစ်နေအောင် လုပ်ထားဖို့ အမိန့်ပေးခဲ့ပြီး တရက်အကြာ ဒီကနေ့မှာ မစ္စစ် ပက်ဂွန်ဟေးက အသစ်ဖွဲ့စည်းထားတဲ့ စစ်တပ်အရာရှိတွေ ရဲ့ ကော်မရှင်ကို ပြောကြားတဲ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ ခုလို ပြောဆိုသွားတာပါ။

နိုင်ငံတကာအသိုင်းအဝိုင်းက မြောက်ကိုးရီးယားကို စီးပွါးရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဗုဒ္ဓဟူးနေ့က ချမှတ်လိုက်တဲ့တွက် မြောက်ကိုးရီးယားဘက်က လုပ်နေကျ ပုံမှန်တုန့်ပြန်မှုမျိုးတွေထက် ပိုဆိုးတဲ့နောက်ထပ် တုန့်ပြန်မှုတွေ ဖြစ်လာနိုင်တယ်လို့လည်း မစ္စ ဟေးကပြောပါတယ်။

အလားတူပဲ အသစ်ချမှတ်လိုက်တဲ့ စီးပွါးရေး ဒဏ်ခတ်ပိတ်ဆို့မှု အရ မြောက်ကိုးရီးယား ကုန်တင်သင်္ဘောတစင်း လုံခြုံရေးစည်းကမ်းလိုက်နာမှု မရှိတာကို ရှာဖွေတွေ့ရှိခဲ့တာကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ သင်္ဘောသွားလာခွင့်ကို ဒီကနေ့ သောကြာနေ့ မှာ ပိတ်ပင်လိုက်ပါတယ်။ မနေ့က ကြာသပတေးနေ့ မှာပဲ မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည် ၆ စင်း ကို ကီလိုမီတာ ၁၅၀ အကွာအထိ အရှေ့ဘက်ကမ်းလွန်ပင်လယ်ပြင်ထဲကို ပစ်ခတ်ခဲ့တယ် လို့ တောင်ကိုးရီးယားကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်ရဲ့ လက်ရှိ အခြေအနေဟာ အင်မတန် အန္တရာယ်များတဲ့ အခြေအနေဖြစ်တာကြောင့် မြောက်ကိုရီးယားအနေနဲ့ သူ့ရဲ့ရန်သူတွေအပေါ် လက်ဦးမှုယူနိုင်တဲ့ တိုက်ခိုက်မှုတွေ လုပ်သွားမယ်လို့ ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ခြိမ်းခြောက်ထားတာကို အစိုးရသတင်းမှာ သောကြာနေ့က ဖော်ပြပါတယ်။ ခုလို တင်းမာမှုတွေ မြင့်တက်ချိန်တိုင်းမှာ နျူးကလီးယားလက်နက်သုံး တိုက်ခိုက်တာတွေ လုပ်မယ်လို့ မြောက်ကိုရီးယားက မကြာခဏ ပြောဆိုလေ့ရှိပါတယ်။

XS
SM
MD
LG