သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေပိုင်နက်ကိစ္စ တရုတ်ကို ကန်သတိပေး


ဂျွန်လ ၄ရက်က စင်္ကာပူနိုင်ငံတွင် ပြုလုပ်သော Shangri-la Dialogue ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောနေသော အမေရိကန် ကာကွယ်ရေး ဝန်ကြီး Ash Carter။
ဂျွန်လ ၄ရက်က စင်္ကာပူနိုင်ငံတွင် ပြုလုပ်သော Shangri-la Dialogue ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောနေသော အမေရိကန် ကာကွယ်ရေး ဝန်ကြီး Ash Carter။

တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်မှာ အငြင်းပွားနေတဲ့ ကျွန်းစုတွေအရေးမှာ စစ်ရေးအရ ရန်စတဲ့ အပြုအမူတွေ ဆက်လုပ် နေမယ်ဆိုရင် ကိုယ့်ဘာသာကိုယ် အထီးကျန် မဟာတံတိုင်းကြီး ခတ်နေသလို ဖြစ်လိမ့်မယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Ash Carter က စနေနေ့က ပြောလိုက်ပါတယ်။

မဟာဗျူဟာကျတဲ့ ပင်လယ်ရေပြင်တွေနဲ့ အခြားနေရာတွေမှာ တရုတ်နိုင်ငံရဲ့ ပြုမူပုံတွေနဲ့ ပက်သက်လို့ စိုးရိမ်ပူပန်မှုတွေ တိုးလာနေတယ်လို့ အာရှနိုင်ငံတွေက ကာကွယ်ရေး ဝန်ကြီးတွေ၊ လုံခြုံရေး အကဲခတ်တွေနဲ့ ပညာရှင်တွေ တက်ရောက်နေတဲ့ စင်္ကာပူနိုင်ငံ Shangri-La Dialogue ဆွေးနွေးပွဲမှာ Carter က ပြောသွားခဲ့ပါတယ်။ တရုတ်ရဲ့ ဒီလုပ်ရပ်ကြောင့် အမေရိကန် ပြည်ထောင်စုနဲ့ အခြားနိုင်ငံတွေဆီက တုံ့ပြန်မှုတွေ ရှိလာမှာ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

စနေနေ့ မနက်က ပြုလုပ်တဲ့ တက်ရောက်သူများနဲ့ အမေးအဖြေ ကဏ္ဍမှာတော့ တရုတ် ပညာရှင် - ပီကင်း တက္ကသိုလ် နိုင်ငံတကာ လေ့လာရေး ဌာနက ပါမောက္ခ Jia Qingguo က ဒီလို ရန်စတဲ့ အပြုအမူတွေ လုပ်နေတာ တရုတ်နိုင်ငံ မဟုတ်ပဲ အမေရိကန် ပြည်ထောင်စုသာ ဖြစ်တယ်လို့ ပြောသွားတာပါ။

အမေရိကန် ပြည်ထောင်စုဟာ လွတ်လပ်စွာ ရေကြောင်း သွားလာခွင့်ရှိရေး အမည်ခံပြီး၊ အခြားနိုင်ငံတွေ ရဲ့ ပိုင်နက် နယ်မြေတွေ အနီးမှာ စစ်သင်္ဘောတွေ၊ စစ်လေယာဉ်တွေ ပျံသန်း သွားရောက်တာတွေနဲ့ တင်းမာမှုတွေ ဖြစ်အောင် ဖန်တီးနေတာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG