သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ရုရှားဝင်စွက်မှု စစ်ဆေးနေသူကို သမ္မတ Trump ဖြုတ်ပစ်နိုင်သလား


တရားမဲ့ အလုပ်ဖြုတ် မပစ်နိုင်အောင် အကာကွယ်ပေးဖို့ ပါတီကြီး ၂ ရပ်က ပူးတွဲတင်သွင်းတဲ့ ဥပဒေမူကြမ်းကို အထက်လွှတ်တော် တရားရေးကော်မတီက အတည်ပြု (ဧပြီ ၂၆-၂၀၁၈)
တရားမဲ့ အလုပ်ဖြုတ် မပစ်နိုင်အောင် အကာကွယ်ပေးဖို့ ပါတီကြီး ၂ ရပ်က ပူးတွဲတင်သွင်းတဲ့ ဥပဒေမူကြမ်းကို အထက်လွှတ်တော် တရားရေးကော်မတီက အတည်ပြု (ဧပြီ ၂၆-၂၀၁၈)

၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားကြားဝင် စွက်ဖက်မှုရှိမရှိ လက်ရှိစစ်ဆေးနေတဲ့ အထူးဥပဒေအကြံပေး Robert Mueller ကို တရားမဲ့ အလုပ်ဖြုတ် မပစ်နိုင်အောင် အကာကွယ်ပေးဖို့ ပါတီကြီး ၂ ရပ်က ပူးတွဲတင်သွင်းတဲ့ ဥပဒေမူကြမ်းကို အထက်လွှတ်တော် တရားရေးကော်မတီက ကြာသပတေးနေ့မှာ အတည်ပြုပေးခဲ့ပါတယ်။

ဒီမိုကရက်တစ်ပါတီဝင် ၁၀ ဦးနဲ့ ရီပတ်ဘလစ်ကင်ပါတီဝင် ၄ ဦးတို့ တင်သွင်းတဲ့ ဒီတရားရေးစည်းမျဉ်းဥပဒေဟာ အထူးဥပဒေအကြံပေး Mueller ကို ဒီစုံစမ်းရေးမှုးဟာ ကျင့်ဝတ်သိက္ခာဖေါက်ဖျက်မှု၊ တာဝန်ပျက်ကွက်မှု၊ တာဝန်ကို ကြေပွန်စွာ မထမ်းဆောင်နိုင်မှု၊ ကိုယ်ကျိုးစီးပွါး ပါဝင်ပတ်သက်မှုဖြစ်စေ၊ တခြားအကြောင်းပြချက်ကောင်း တခုရှိမှ ရှေ့နေချုပ် ဒါမှမဟုတ် သူတာဝန်ပေးတဲ့သူက ထုတ်ပယ်နိုင်တယ်လို့ ဥပဒေကြမ်းမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ဒီဥပဒေကြမ်းမှာ တရားရေးဌာနရှိ Robert Mueller ဦးဆောင်တဲ့ အထူးဥပဒေအကြံပေးရုံးကိုလည်း နောက်ထပ် အကာကွယ် ပေးမှုအဖြစ် တကယ်လို့ ဥပဒေအကြံပေးတဦးအနေနဲ့ ရာထူးကနေ အထုတ်ပယ်ခံရရင် အမေရိကန်ဗဟိုအစိုးရ တရားရုံးထံ ဆယ်ရက်အတွင်း အယူခံဝင်ပြီး ထုတ်ပယ်မှုကို ပြန်လည်သုံးသပ်ဖို့ လျှောက်ထားခွင့်လည်း ပြုထားပါတယ်။

ဒီဥပဒေကြမ်းဟာ Robert Mueller ရဲ့ လွတ်လပ်စွာလုပ်ဆောင်ခွင့်ကို ပါတီ ၂ ရပ်စလုံးရဲ့ ပြသမှု အားကောင်းပေမယ့်လည်း ဥပဒေဖြစ်လာဖို့ ကတော့် အခြေနေသိပ်မရှိပါဘူး။ အထက်လွှတ်တော်အမတ်အများစု ခေါင်းဆောင် Mitch McConnell က သမ္မတ Trump ဟာ Mueller ကို အလုပ်ဖြုတ်ပစ်မှာ မဟုတ်တဲ့ အတွက် ဒီဥပဒေကြမ်းကို အထက် လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်တဲ့ အခြေနေရောက်မှာ မဟုတ်ကြောင်း ပြောကြားခဲ့ ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG