သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးဂိမ်း ရိုးရာလှေလှော်ပြိုင်ပွဲများ မြန်မာ ရွှေ၊ ငွေ ရ


Myanmar fans cheer as they watch Kempo competition during the 27th SEA Game at Thuwunna stadium Friday, Dec.20, 2013, in Yangon, Myanmar. (AP Photo/Khin Maung Win)
Myanmar fans cheer as they watch Kempo competition during the 27th SEA Game at Thuwunna stadium Friday, Dec.20, 2013, in Yangon, Myanmar. (AP Photo/Khin Maung Win)

ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက ဒီနေ့မှာ ရွှေတံဆိပ် ၂ ခု နဲ့ ငွေတံဆိပ် ၂ ခု ထပ်ရခဲ့ပါတယ်။ အမျိုးသမီး အလေးမ ၄၅ ကီလိုတန်မှာတော့ မြန်မာနိုင်ငံက မဇင်မေဦးက အနိုင်ရပြီးတော့ ပထမ ရွှေတံဆိပ် ရရှိခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ ဖိလစ်ပိုင်က Angeline Colonia က ဒုတိယ၊ လာအိုက Bouakham Phongsakone က တတိယရရပါတယ်။

ဒါ့အပြင် ရိုးရာလှေလှော်ပြိုင်ပွဲ အမျိုးသား ၅ ယောက်တွဲ မှာတော့ မြန်မာနိုင်ငံ ပထမ ရပြီးတော့၊ ရွှေတံဆိပ် နောက်တခု ထပ်ရပြီး၊ အမျိုးသားအသင်းလိုက် ၁၂ ယောက်တွဲ ရိုးရာလှေပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက ငွေတံဆိပ်တခုထပ်ရခဲ့ပါတယ်။

ပိုက်ကျော်ခြင်းပြိုင်ပွဲမှာတော့ အမျိုးသား ၂ ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲမှာ မြန်မာအသင်းဟာ ဖိုင်နယ်မှာ အင်ဒိုနီးရှားကို ရှုံးပြီး ဒုတိယ ငွေတံဆိပ် ရရှိခဲ့ပါတယ်။

မြန်မာအသင်းဟာ အခုအချိန်အထိတော့ ဆီးဂိမ်းပြိုင်ပွဲမှာတော့ ရွှေ ၁၇ ခု၊ ငွေ၊ ၁၆ ခု၊ ကြေး ၄၇ ခု ရရှိထားပြီး အဆင့် ၈ နေရာမှာ ရှိနေပါတယ်။ အခုလောလောဆယ်အထိတော့ ဗီယက်နမ်နိုင်ငံ ရွှေ ၈၅ ခု နဲ့ ပထမ၊ ထိုင်းနိုင်ငံက ရွှေ ၇၈ ခု နဲ့ ဒုတိယ၊ အိမ်ရှင်ကမ္ဘောဒီးယားက ရွှေ ၅၉ ခု နဲ့ တတိယနေရာမှာ ရှိနေပါတယ်။

XS
SM
MD
LG