မြန်မာပြည်တဝှမ်း တောရော၊ မြို့ပါမကျန်၊ ရာသီမရွေး၊ ဆူညံသံတွေနဲ့ နားမခံသာအောင် နှိပ်စက်နေတဲ့ အသံချဲ့စက်လော်စပီကာဖွင့်တဲ့သူတွေကို စည်းကမ်းတကျ ဘယ်လိုကြပ်မတ်၊ ထိန်းကျောင်းပေးကြရင်ကောင်းပါမလဲ။ မြို့နယ်၊ ရပ်ကွက်ကျေးရွာ အလိုက် အသံချဲ့စက်လော်စပီကာ ဖွင့်ခွင့်၊ ခွင့်ပြုမိန့်တောင်းတဲ့ အစဉ်အလာတွေကိုကော စနစ်တကျ လိုက်နာကြပါရဲ့လား။ ပြည်သူတွေ နားမချမ်းသာ ဖြစ်ကြရတဲ့ ဒုက္ခကကင်းဝေးအောင် ဘယ်ပုံဘယ်နည်းဖြေရှင်းကြရင်ကောင်းမလဲ ဆိုတာတွေကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ရှေ့နေကြီးဦးအောင်သိန်း၊ ဆေးတက္ကသိုလ် (၁) ဦးခေါင်း၊မျက်စိ၊နား၊ နှာခေါင်း၊ လည်ပင်းခွဲစိတ်ကုဌာနက ပါမောက္ခဒေါ်ခင်လှလှ၊ ကာတွန်းဆရာမောင်မောင်ဖောင်တိန်၊ ပြင်ဦးလွင်က အာရှအလင်းရောင် ဆရာတော်အရှင်စိန္တိတ၊ သောတရှင်မနန်းစိုး၊ အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီက အရှင်နန္ဒစရိယ တို့နဲ့ စနေနေ့ညတိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ သုံးသပ်ဆွေးနွေးထားပါတယ်။