{{Zawgyi/Unicode}}
ရုရှားအနေနဲ့ အိမ်နီးခြင်း ယူကရိန်းနိုင်ငံကို စစ်ရေးအရ ဝင်ရောက်ကျူးကျော်တိုက်ခိုက်မယ်ဆိုရင် ဆိုးဝါးတဲ့အကျိုးဆက်တွေကို ခံစားရမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken အန်တိုနီ ဘလင်ကင်က ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ကြာသာပတေးနေ့မှာ တွေ့ဆုံစဉ်သတိပေးပြောကြားခဲ့ပါတယ်။
ရုရှားအစိုးရအနေနဲ့ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ ကျနော်တို့ အနေနဲ့ဘာတွေကို စိုးရိမ်ပူပန်မှုဖြစ်နေတယ်ဆိုတာကို အသေးစိပ်ဆွေးနွေးခဲ့ပါတယ်၊ အဲဒီအထဲမှာ ရုရှားအနေနဲ့ ယူကရိန်းကိုနောက်ထပ်တကြိမ်စစ်ရေးအရ ရန်ပြုလာနိုင်ခြေတွေနဲ့ ယူကရိန်းကိုမတည်ငြိမ်အောင် ပြည်တွင်းကနေလှုံဆော်ဆောင်ရွက်နေတယ်ဆိုတဲ့ကိစ္စတွေ ပါဝင်ပါတယ် လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ကပြောဆိုသွားတာပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးBlinken နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့နှစ်ဦး ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ တွေ့ဆုံပြီးနောက်အခုလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ သတိပေးချက်ထွက်ပေါ်လာတာပါ။
ရုရှားနိုင်ငံခြားရေးဝန်ကြီးကတော့ သမတ ပူတင်ပြောဆိုထားသလိုဘဲ ကျနော်တို့အနေနဲ့ ယူကရိန်းနဲ့ ပြောဆိုဆွေးနွေးသွားမှာပါ။ ရုရှားအနေနဲ့ ဘယ်လိုပဋိပက္ခမျိုးကိုမှ မလိုလားပါဘူးလို့ မော်စကိုမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။
ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ကတော့ ယူကရိန်းအနေနဲ့ ရန်စတဲ့အပြုအမူတွေတလျောက်လုံးလုပ်ဆောင်နေတယ်လို့မော်စကိုမှာသတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်။
.....................................
{{Unicode}}