(Zawgyi / Unicode)
ရုရှားလုပ် S-400 မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်စနစ်နဲ့ ဆက်စပ်တဲ့ စစ်လက်နက်ပစ္စည်းတွေ တနင်္ဂနွေနေ့က အိန္ဒိယနိုင်ငံကို စတင်ပို့ပေးနေပြီလို့ ရုရှားစစ်တပ် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ အကြီးအကဲ Dmitry Shugayev က ပြောပါတယ်။
၂၀၁၇ အမေရိကန် ဥပဒေတရပ်မှာတော့ ရုရှားဆီက စစ်လက်နက်ပစ္စည်း ဝယ်ယူတဲ့ နိုင်ငံတွေကို အမေရိကန်က ဒဏ်ခတ် အရေးယူပိုင်ခွင့် ရှိတာကြောင့် အခုလို ရုရှားစစ်လက်နက်ဝယ်ယူတဲ့ အိန္ဒိယဟာ ဒဏ်ခတ်မှုအန္တရာယ်ကို ရင်ဆိုင်ရဖွယ် ရှိနေတာပါ။
S-400 ဒုံးကျည်ပစ်စနစ် ပထမအသုတ်ကတော့ ဒီနှစ်ကုန်ပိုင်းကျရင် အိန္ဒိယကို ရောက်မယ်လို့ Shugayev က ပြောပါတယ်။ S-400 ဟာ ဒုံးပစ်စင်နဲ့ ထိန်းချုပ်ရေးစနစ်ပါတဲ့ အကြီးစား စစ်ကားအမျိုးအစားဖြစ်ပြီး တာဝေးပစ်နိုင်မယ့် အဲဒါမျိုး ၅ စင်းအတွက် ဒေါ်လာ ၅ ဒသမ ၅ ဘီလျံနဲ့ ရုရှားဆီကဝယ်ဖို့ ၂၀၁၈ မှာ သဘောတူခဲ့ကြတာပါ။ အိန္ဒိယကတော့ တရုတ်ရဲ့စစ်ရေးခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ဖို့ ခုလိုဝယ်ရတာလို့ ဆိုပါတယ်။
အမေရိကန်က ပြဋ္ဌာန်းထားတဲ့ CAATSA ဒဏ်ခတ်မှုဥပဒေအရ ရန်သူတော် ရုရှားနိုင်ငံနဲ့အတူ မြောက်ကိုရီးယား၊ အီရန်တို့ကို ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်မှု ချမှတ်ထားပြီး အိန္ဒိယကလည်း အလားတူအဖြစ်နဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ အမေရိကန်ရော ရုရှားပါ သူ့အတွက် မဟာဗျူဟာကျတဲ့ မိတ်ဘက်နိုင်ငံတွေ ဖြစ်တယ်လို့ အိန္ဒိယက ပြောနေပေမယ့် အမေရိကန်ကတော့ အိန္ဒိယဟာ သူ့ရဲ့ CAATSA ဒဏ်ခတ်မှုကနေ လွတ်ငြိမ်းခွင့်ရနိုင်လိမ့်မှာ မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။
-------------------
(Unicode)
ရုရှား ဒုံးကညြျလကျနကျ ပစ်စညျးတှေ အိန်ဒိယကို စတငျပေးပို့