သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပဋိပက္ခ နိုင်ငံရေးအရအဖြေရှာဖို့ ရုရှားသမ္မတ တိုက်တွန်း


ရုရှားသမ္မတ Vladimir Putin
ရုရှားသမ္မတ Vladimir Putin

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ရုရှားနိုင်ငံက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ ဒေသတော်တော် များများမှာ လူမျိုးရေး ဘာသာရေး တင်းမာမှုကြောင့် ပဋိပက္ခဖြစ်တဲ့အပေါ် ရုရှားနိုင်ငံက စိုးရိမ်ကြောင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မဖြစ်စေဘဲ ပြဿနာကို နိုင်ငံရေး နည်းလမ်းတွေနဲ့ ထိန်းထိန်းသိမ်းသိမ်း ဖြေရှင်းပါလို့ ရုရှသမ္မတ Vladimir Putin က ပြောကြားခဲ့ပါတယ်။

နိုင်ငံပေါင်း ၂၀ က သံအမတ်ကြီးတွေရဲ့ သံအမတ်ခန့်အပ်လွှာ လက်ခံပွဲမှာ ရုရှား သမ္မတက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပြဿနာမျိုးကို ဖြေရှင်းဖို့ ခက်ခဲမှာ ဖြစ်ပေမဲ့ နိုင်ငံရေးဆန္ဒ၊ နိုင်ငံရေးအရ အပြန်အလှန်ဆွေးနွေး အဖြေရှာဖို့လိုအပ်တယ်လို့ သမ္မတ Putin က ဆိုပါတယ်။

ARSA ရိုဟင်ဂျာ အကြမ်းဖက် အဖွဲ့တွေက ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေး စခန်းတွေကို သြဂုတ်လ ၂၅ ရက်နေ့က စတင် တိုက်ခိုက်ခဲ့ပြီးနောက် လုံခြုံရေး တပ်ဖွဲ့တွေဖက်က နယ်မြေရှင်းလင်းရေး လုပ်ခဲ့တဲ့အတွက် မွတ်ဆလင် သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက် ထွက်သွားခဲ့ကြပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတ်ဖြတ် မီးရှို့တာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်တဲ့အတွက် ထွက်ပြေးရတာလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ရောက်သွားတဲ့ ရိုဟင်ဂျာတွေက ပြောကြပါတယ်။

နိုင်ငံထဲကနေ ခုလို လူတွေ အလုံးအရင်းနဲ့ ထွက်သွားတာရပ်အောင် မြန်မာအစိုးရနဲ့ စစ်တပ်က ဆောင်ရွက်ဖို့အတွက် နိုင်ငံတကာက ဖိအား ပေးနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG