သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအရေးစုံစမ်းရေး Michael Flynn ပံ့ပိုးကူညီခဲ့


A resident looks out through a gap in the barrier at a residential area during lockdown, amid the COVID-19 pandemic, in Shanghai, China.
A resident looks out through a gap in the barrier at a residential area during lockdown, amid the COVID-19 pandemic, in Shanghai, China.

၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ အပေါ် ရုရှားတို့ ဝင်ရောက် နှောင့်ယှက်မှုနဲ့ ပတ်သက်ပြီး လက်ရှိ စုံစမ်းစစ်ဆေးမှု အတွင်း အမျိုးသား လုံခြုံရေး အကြံပေးဟောင်း Michael Flynn က ထိထိရောက်ရောက် ပံ့ပိုးပေးခဲ့တယ်လို့ အထူးစုံစမ်းရေးမှူး Robert Mueller က ပြောဆိုပြီး Michael Flynn ကို ထောင်ဒဏ်အပြစ်မပေးဖို့ ထောက်ခံ ပြောဆိုလိုက်ပါတယ်။

အမေရိကန်ဆိုင်ရာ ရုရှား သံအမတ် Sergey Kislyak နဲ့ အပြန်အလှန် ဆက်သွယ်မှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI ကို လိမ်ညာပြောဆိုမှု အတွက် အပြစ်ရှိကြောင်း Michael Flynn က ဝန်ခံထားတာပါ။ ဒါ့အပြင် Michael Flynn က တူရကီ နိုင်ငံ အတွက် အကျိုးဆောင်ပေးမှုနဲ့ ပတ်သက်ပြီး မမှန်မကန် ထွက်ဆိုခဲ့တာတွေလည်း ရှိခဲ့တာပါ။

Donald Trump ရဲ့ သမ္မတ ရာထူး လွှဲပြောင်းရယူရေး အဖွဲ့နဲ့ ရုရှား အစိုးရ တာဝန်ရှိသူတွေကြား အပြန်အလှန် ဆက်သွယ်မှု ဆိုင်ရာ အချက်အလက်တွေ၊ ဆက်စပ် စဉ်းစားဖွယ် ကိုယ်တွေ့ သတင်းအချက်အလက် တွေကို Flynn က ပေးခဲ့တယ်လို့လည်း အထူးစုံစမ်းရေးမှူး Robert Mueller က မနေ့ အင်္ဂါနေ့ ညပိုင်း ဖယ်ဒရယ် တရားရုံးတခုမှာ တင်ပြချက်မှာ ပြောဆိုခဲ့ပါတယ်။ Michael Flynn နဲ့ တွေ့ဆုံမေးမြန်းမှု ၁၉ ခု၊ စာရွက်စာတမ်းတွေနဲ့ တခြား အဆက်အစပ်တွေကနေ သတင်းအချက်တွေ ရရှိခဲ့တာပါ။

Michael Flynn ရဲ့ စစ်မှုထမ်းသက်၊ သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ လက်ရှိ စုံစမ်းစစ်ဆေးမှုတွေ အတွင်း ထိထိရောက်ရောက် ပံ့ပိုးဆောင်ရွက်မှုတွေကို ထောက်ပြပြီး သူ့ကို ထောင်ချဖို့ မထောက်ခံကြောင်း အထူးစုံစမ်းရေးမှူး Mueller ရဲ့ တရားရုံး အမှုတွဲမှာ ဖော်ပြထားပါတယ်။ ဒီသတင်းပတ် အစောပိုင်း ဝါရှင်တန် ဒီစီက တရားရုံးကနေ အထွက်မှာတော့ Flynn ကို ထောင်ဒဏ် အပြစ်ပေးဖို့ ဆန္ဒပြ တောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၈ ရက်နေ့ လာမယ့် ၁၃ ရက် အတွင်း Flynn ကို ပြစ်ဒဏ် စီရင်ချက် ချမှတ်ရေးကို ကြီးကြပ်ဆောင်ရွက်နေတဲ့ ဖယ်ဒရယ် တရားသူကြီးထံကို အထူးစုံစမ်းရေးမှူး Mueller ရဲ့ မှတ်ချက်ကို ပေးပိ့ုမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG