သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ရေးဝန်ကြီး ရမ်းစ်ဖဲလ်ဒ် ညှဉ်းပန်းနှိပ်စက်မှုနဲ့ တရားစွဲခံရ


ကာကွယ်ရေးဝန်ကြီး ရမ်းစ်ဖဲလ်ဒ် ညှဉ်းပန်းနှိပ်စက်မှုနဲ့ တရားစွဲခံရ
ကာကွယ်ရေးဝန်ကြီး ရမ်းစ်ဖဲလ်ဒ် ညှဉ်းပန်းနှိပ်စက်မှုနဲ့ တရားစွဲခံရ

အီရတ်နိုင်ငံ အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အမေရိကန်စစ်တပ်ရဲ့ နှိပ်စက် ညှဉ်းပန်းမှုတွေအတွက် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဟောင်း ဒေါ်နယ်လ်ဒ် ရမ်းစ်ဖဲလ်ဒ် (Donald Rumsfeld) မှာ တာဝန်ရှိတယ်ဆိုပြီး တရားစွဲဆိုဖို့ စီစဉ်နေသူ အမေရိကန် နိုင်ငံသား ၂ ယောက် အနေနဲ့ သူတို့ရဲ့ တရားမမှုကို ဆက်လက် လုပ်ဆောင်သွားဖို့ အမေရိကန် ဗဟိုအစိုးရ အယူခံတရားရုံးက ခွင့်ပြုလိုက်ပါတယ်။

သူတို့ကို စစ်ဆေးတဲ့ နေရာမှာ အသုံးပြုခဲ့တဲ့ ညှဉ်းပန်းနှိပ်စက်ပုံ နှိပ်စက်နည်းတွေကို ကာကွယ်ရေး ဝန်ကြီးဟောင်း ဒေါ်နယ်လ်ဒ် ရမ်းစ်ဖဲလ်ဒ်က ခွင့်ပြုခဲ့တယ် ဆိုတာကို အဲဒီ အမေရိကန် ၂ ယောက်ဖြစ်ကြတဲ့ ဒေါ်နယ်လ်ဒ် ဗန့်စ် (Donald Vance) နဲ့ နသန် အာတဲလ် (Nathan Ertel) တို့က ခိုင်ခိုင်မာမာ တင်ပြ လျှောက်ထားနိုင်ခဲ့တာကြောင့် ချီကာဂိုမြို့မှာရှိတဲ့ နံပါတ် ၇ ခုမြောက် အယူခံ တရားရုံးက တနင်္လာနေ့မှာ အဲဒီလို အမိန့်ချမှတ်လိုက်တာပါ။

သူတို့ ၂ ယောက်စလုံးဟာ အီရတ်မှာရှိတဲ့ ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့ကြတာပါ။ တရားမဝင်တဲ့ လုပ်ရပ်တွေကို သူတို့ကုမ္ပဏီက လုပ်နေတယ်လို့ ယူဆတဲ့အတွက် အဲဒီလုပ်ရပ်ကို ၂၀၀၆ ခုနှစ်မှာ သတင်းပေးခဲ့လို့ သူတို့ ၂ ယောက် ဖမ်းဆီးထိန်းသိမ်းခံရပြီး ညှဉ်းပန်းနှိပ်စက် ခံခဲ့ရတာလို့ ဆိုပါတယ်။

သူတို့ကို ဖမ်းဆီးပြီး ဘက်ဂ်ဒက် (Baghdad) လေဆိပ်အနီးက ခရော့ပါး (Cropper) ဆိုတဲ့ အမေရိကန် စစ်အခြေစိုက်စခန်း အတွင်းမှာ နှိပ်စက်ခဲ့တာလို့ ဆိုပါတယ်။ သူတို့ကို ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်း နှိပ်စက်မှုတွေ လုပ်ဆောင်ခဲ့တဲ့အပြင် စိတ်ပိုင်းဆိုင်ရာလည်း ထိခိုက်အောင် နှိပ်စက်ခဲ့တယ်လို့ စွပ်စွဲ ပြောဆိုနေကြတာပါ။

သူတို့ကို စွဲချက် တစုံတရာ မတင်ဘဲ အမေရိကန် စစ်တပ်က နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပြီး တနင်္လာနေ့က ချမှတ်လိုက်တဲ့ တရားရုံး ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့တော့ အစိုးရဘက်က တစုံတရာ ပြောဆိုခြင်း မရှိပါဘူး။

XS
SM
MD
LG