ICJ မှာ NLD အစိုးရ ချေပချက်ကို NUG ရုပ်သိမ်းရတဲ့ ရည်ရွယ်ချက်
{{Zawgyi/Unicode}}
လူမျိုးတုံး သတ်ဖြတ်မူစွဲချက်အပေါ် ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာဘက်က အရင် ကန့်ကွက်ခဲ့တာတွေကို အခု အကုန်ပယ်ဖျက်လိုက်တာက အာဏာသိမ်းလိုက်တာကြောင့်အပြင် နောင် ကျူးလွန်မူတွေထပ်မဖြစ်အောင်လည်းပါတယ်လို့ NUG က ဆိုပါတယ်။
ဒီအတွက် ICJ မှာ အခု ပူးပေါင်းဆောင်ရွက်သွားဖို့အပြင်၊ ICC နိုင်ငံတကာရာဇဝတ်မူခုံရုံးနဲ့ပါ ပူးပေါင်းဆောင်ရွက်နိုင်ဖို့လည်း ပြင်ဆင်ထားပြီးပြီလို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆိုပါတယ်။
ဖေဖော်ဝါရီလ ၁ ရက် NUG အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ထုတ်ပြန်ချက်အတိုင်း အခုလိုဆုံးဖြတ်တာကြောင့် ရှေ. ဆက်ဖြစ်လာနိုင်တာကိုလည်း ကိုဝင်းမင်းက မေးရာမှာ ဒေါ်ဇင်မာအောင်က အကြောင်းရင်းကို ခုလိုစရှင်းပြပါတယ်။
............................................................
{{Unicode}}