သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU က ဗြိတိန် ခွဲထွက်ရေး အသုံးအနှုန်း နဲ့ အခြေအနေ


Brexit လှုပ်ရှားမှု။
Brexit လှုပ်ရှားမှု။

အဖွဲ့ဝင် ၂၈ နိုင်ငံပါဝင်တဲ့ ဥရောပသမဂ္ဂ (EU) ရဲ့ အဖွဲ့ဝင်အဖြစ်ကနေ ထွက်နိုင်ခြေ ရှိနေတဲ့ ဗြိတိန်နိုင်ငံရဲ့ အခြေအနေကို Brexit ဆိုပြီး အတိုကောက် ခေါ်ဝေါ် သုံးနှုန်းလာကြပါတယ်။ ဗြိတိန်နိုင်ငံဆိုတဲ့ အမည်က စာလုံး ၂ လုံးနဲ့ ထွက်ပေါက်လို့ အဓိပ္ပါယ်ရတဲ့ exit တို့ ပေါင်းစပ်ထားတဲ့ အသုံးအနှုန်းကိုတော့ ဂရိနိုင်ငံက EU အဖွဲ့ဝင်အဖြစ်က ထွက်တော့မယ့် အလားအလာတွေ ကြုံရချိန်မှာ ခေါ်ဝေါ်ခဲ့တာကို အစွဲပြု သုံးနှုန်းထားတာလည်း ဖြစ်ပါတယ်။

EU အဖွဲ့ဝင်အဖြစ် ဆက်နေသင့်မသင့် ဆိုတာကိုတော့ ဇွန်လ ၂၃ ရက်နေ့မှာ ဗြိတိန်မဲဆန္ဒရှင်တွေ ဆုံးဖြတ်ကြမှာပါ။ ဆန္ဒခံယူပွဲ ကျင်းပမယ့် ရက်ကိုတော့ ဗြိတိန်ဝန်ကြီးချုပ် David Cameron က သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ EU အဖွဲ့ဝင်အဖြစ် ဆက်နေမလား၊ ထွက်မလား ဆိုတဲ့ မဲဆန္ဒရှင်တွေ အတွက် မေးခွန်းကိုတော့ ရွေးကောက်ပွဲ ကော်မရှင်အကြံပြုခဲ့ပြီး၊ အစိုးရနဲ့ လွှတ်တော်က အတည်ပြုပေးထားတာပါ။

ကွန်ဆာဗေးတစ်ပါတီ ကျေနပ်မှုရစေဖို့နဲ့ EU ကို မလိုလားသူတွေ အားပျော့သွားစေဖို့ ရည်ရွယ်ပြီး၊ ပြီးခဲ့တဲ့နှစ်မှာ ဝန်ကြီးချုပ်က သူပြန်အရွေးခံရရင် ဒီကိစ္စအတွက် လူထုဆန္ဒခံယူပွဲလုပ်ပေးမယ်လို့ ကတိပြုထားတာ ဖြစ်ပါတယ်။

EU က ထွက်ဖို့ လိုလားသူတွေကတော့ ဗြိတိန်အနေနဲ့ အလုပ်အကိုင်ရရှိရေး အဟန့်အတား ဖြစ်နေတာတွေက လွတ်မြောက်နိုင်သလို၊ ကိုယ်ပိုင်ဥပဒေတွေနဲ့ ကုန်သွယ်ဖက်တွေကိုလည်း စိတ်ကြိုက်ရွေးချယ်ခွင့် ရမယ်လို့ ယုံကြည်ကြပါတယ်။ EU အဖွဲ့ဝင်အဖြစ် ဆက်နေလိုသူတွေကတော့ အသွင်တူတဲ့ နိုင်ငံတွေအချင်းချင်း ပူးပေါင်းတာဟာ ကမ္ဘာမှာ ဗြိတိန်နိုင်ငံရဲ့ သြဇာအရှိန်အဝါကို ထိန်းထားနိုင်သလို၊ စစ်ရေး၊ စီးပွားရေးအရ လုံခြုံမှုလည်း ရှိတယ်လို့ ယူဆထားကြပါတယ်။

XS
SM
MD
LG