မြန်မာနိုင်ငံက ဥပဒေပြုတဲ့ လွှတ်တော်နဲ့ အုပ်ချုပ်တဲ့အစိုးရတို့ကြားမှာ သဘောထားကွဲမှုတွေ ရှိနေတယ်လို့ သမ္မတဦးသိန်းစိန်က ဒီကနေ့ ပြောကြားတဲ့
စက်တင်ဘာလ မိန့်ခွန်းမှာ အသိအမှတ်ပြု ပြောလိုက်ပါတယ်။ ဒါအပြင့် ၂၅ နှစ် ပြည့်ခဲ့ပြီဖြစ်တဲ့ ၁၉၈၈ လူထုအုံကြွမှုကြီးကနေ နိုင်ငံရေးသမိုင်းအတွက်
အရေးကြီးတဲ့ သင်ခန်းစာတွေ ရနိင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီလို သမ္မတရဲ့မိန့်ခွန်းအပေါ် သုံးသပ်ချက်တွေနဲ့အတူ အပြည့်အစုံကို ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။
ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့မှာ သမ္မတဦးသိန်းစိန်က ရေဒီယိုပေါ်ကနေ နိုင်ငံတော်ကို လစဉ်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း နိုင်ငံတော် အခြေအနေကိုရှင်းပြတဲ့ သမ္မတဦးသိန်းစိန်ရဲ့မိန့်ခွန်းထဲမှာ ဒီတလထူးခြားတာက အစိုးရနဲ့ လွှတ်တော်ကြားမှာ သဘောထားကွဲမှုတွေ ရှိနေတယ် ဆိုတာကို အသိအမှတ်ပြု ပြောကြားခဲ့ပါတယ်။
“အုပ်ချုပ်ရေး မဏ္ဍိုင်နဲ့ ဥပဒေပြုရေးမဏ္ဍိုင်တို့အကြား လတ်တလောဖြစ်ပွားနေတဲ့ နိုင်ငံရေး ပွတ်တိုက်မှုတွေကလည်း ပြုပြင်ပြောင်းလဲရေးကာလမှာ ကြုံတွေ့ရမယ့် သဘာဝကျတဲ့ ကိစ္စရပ်များပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘယ်သူမှန်တယ်။ ဘယ်သူ မှားတယ်ဆိုတာ ပွတ်တိုက်နေမှုတွေကနေ သင်ခန်းစာများ ရယူသွားရမှာ ဖြစ်ပါတယ်။ အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ စည်းစနစ်တွေ၊ နည်းနာသစ်တွေ၊ ဆက်သွယ်ရေးပုံစံတွေနဲ့ ညှိနှိုင်း အဖြေထုတ်ခြင်း ဆိုတာတွေ ဖြစ်ပေါ်လာအောင် ပုံစံချနိုင်ဖို့ဆိုတဲ့ကိစ္စရပ်က ပိုအရေးကြီးတယ်လို့ ရှုမြင်ကြရမှာဖြစ်ပါတယ်။
ဒီလို ရှုမြင်နိုင်မှသာ ကျနော်တို့တွေ ရယူပိုင်ဆိုင်လိုတဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ဥပဒေပြုရေးမဏ္ဍိုင်တို့အကြား ကောင်းမွန် မှန်ကန်တဲ့ အပြန်အလှန် ထိန်းကျောင်းမှုတွေကိုခိုင်မာစေမှာပဲဖြစ်ပါတယ်။"
နိုင်ငံရေးသဘောထားကွဲမှုတွေကို နားလည်လက်ခံပြီးတော့ ဆွေးနွေး ညှိုနှိုင်းမှုတွေကို မျှမျှတတ အပေးအယူလုပ်ကြဖို့ သမ္မတက သူ့ရဲ့မိန့်ခွန်းထဲမှာ
တိုက်တွန်းထားပါတယ်။ အစိုးရနဲ့လွှတ်တော်ကြားမှာ အားပြိုင်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေချိန်မှာ သမ္မတက ခုလို
အသိအမှတ်ပြု ပြောခဲ့တာလည်း ဖြစ်ပါတယ်။
ဒီလိုအားပြိုင်မှုတွေဟာ တိုင်းပြည်တိုးတက်ဖို့အတွက်ဆိုရင်တော့ ပြဿနာမရှိပေမဲ့ ပုံမှန် မဟုတ်တဲ့ အားပြိုင်မှုတွေဆိုရင်တော့ မကောင်းဘူးလ့ို မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းက သုံးသပ်ပါတယ်။
“ကျနော့်အမြင်ကတော့ လွှတ်တော်နဲ့အစိုးရရဲ့ အားပြိုင်မှု ရှိတယ်ဆိုတာကို တကယ့်ကို ဒီမိုကရက်တစ်နည်းကျ စစ်မှန်တဲ့အားပြိုင်ဆိုရင်တော့ ဒါ-တိုင်းပြည်နဲ့လူမျိုးအတွက်၊ နောက် ဒီမိုကရေစီအပြောင်းအဲအတွက်ကို အားကောင်းတယ်လို့ ပြောလို့ရပါတယ်ဗျ။ Plan တခုနဲ့ပေါ့လေ စနစ်တကျ လုပ်ယူထားတဲ့ အားပြိုင်မှုမျိုး ဖြစ်နေလို့ရှိရင်တော့ ရေရှည်မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အကျိုးအတွက်ကို အဆိုးဖြစ်နိုင်တယ်လို့ ကျနော် ပိုမြင်တယ်ဗျ။”
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ပြည်ထောင်စုလွှတ်တော်နယက တာဝန်ယူခဲ့ပြီးနောက် မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ အုပ်ချုပ်ရေးနဲ့ ဥပဒေ
ပြုရေး မဏ္ဍိုင်တွေဟာ သဘော သဘာဝမတူတဲ့အတွက် အားပြိုင်မှုတွေရှိနေတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ခုလို အခြေအနေတွေ ဖြစ်နေချိန်မှာပဲ သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး တည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ မနေ့ သြဂုတ်လ ၃၁ ရက်နေ့က
သီးသန့် တွေ့ဆုံခဲ့ပါတယ်။
တိုင်းပြည်မှာ အရေးပါတဲ့ ခေါင်းဆောင် ၂ ယောက် တွေ့ဆုံမှုမှာ ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ ၂ ဘက် အဖွဲ့အစည်းတွေက ထုတ်ဖော်ပြောခြင်း မရှိခဲ့ပါဘူး။ မြန်မာ့နိုင်ငံရေးလေ့လာ သုံးသပ်သူ အချို့ကတော့ လွှတ်တော်နဲ့ အစိုးရအဖွဲ့အကြား အားပြိုင်မှုတွေရှိနေတာနဲ့ ပတ်သက်ပြီး သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးပုံရတယ်လို့ သုံးသပ်နေပါတယ်။
တရားဥပဒေစိုးမိုးရေးမှာ အရေးအကြီးဆုံးဖြစ်တဲ့ တရားစီရင်ရေးမဏ္ဍိုင်ကိုလည်း လွတ်လပ်ပြီး အားကောင်းခိုင်မာလာအောင် ကြိုးပမ်းဆောင်ရွက်သွားဖို့ ကိုလည်း နိုင်ငံတော်သမ္မတက သူ့ရဲ့မိန့်ခွန်းမှာထည့်သွင်း ပြောခဲ့ပါတယ်။
ဒီမိုကရေစီစနစ်ကိုတောင်းဆိုတဲ့ ၁၉၈၈ လူထု အုံကြွမှု ၈ လေးလုံးအရေးတော်ပုံကြီးရဲ့ ငွေရတုနှစ်ပတ်လည် အခမ်းအနား ကျင်းပနိုင်ခဲ့တာနဲ့
ပတ်သက်လို့လည်း သမ္မတဦးသိန်းစိန်က ဒီကနေ့ ပြောကြားတဲ့ လစဉ်မိန့်ခွန်းထဲမှာ ထည့်သွင်းပြောသွားခဲ့ပါတယ်။
“၈၈ ခုနှစ် လူထုလှုပ်ရှားမှု နှစ်ဆယ့်ငါးနှစ်ပြည့် အခမ်းအနားဟာဆိုရင် ကျနော်တို့ နိုင်ငံရေးသမိုင်းအတွက် အရေးကြီးတဲ့ သင်ခန်းစာများ ရယူနိုင်တဲ့ ကိစ္စရပ် တစ်ခုဖြစ်ပါတယ်။ ဒီလိုကျင်းပနိုင်ခြင်းဟာ မိမိတို့ နိုင်ငံရေးဖြစ်စဉ်မှာ ယခင်ကာလများက မရရှိဘူးသေးတဲ့’သဘောထား မတူညီသူများ အတူလက်တွဲလုပ်ဆောင်နိုင်တယ်’ ဆိုတဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ် တစ်ရပ်ကို တက်လှမ်းနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီတက်လှမ်းနိုင်မှုကို ကျနော့်အနေနဲ့ အသိအမှတ်ပြု အလေးထားကြောင်းကိုလည်း တစ်ဆက်တည်း ပြောကြားလိုပါတယ်။
ဘာကြောင့်လဲဆိုရင် ကျနော်တို့အနေနဲ့ ခေတ်မီ လူ့အဖွဲ့အစည်းတစ်ရပ် ပိုင်ဆိုင်နိုင်ဖို့ဆိုရင် မတူညီတဲ့ သဘောထားတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်း၊ အကြမ်းမဖက်တဲ့ နည်းလမ်းများနဲ့ ဆွေးနွေးညှိနှိုင်းခြင်း၊ အပေးအယူလုပ်ခြင်း စတာတွေဟာ မဖြစ်မနေ ရှင်သန်ရမယ့် အင်္ဂါရပ်များဖြစ်တဲ့အတွက် အလေးထား လေ့ကျင့်ကြရမှာ ဖြစ်တယ်လို့ ကျနော့်အနေနဲ့ အခိုင်အမာ ခံယူထားလို့ပဲ ဖြစ်ပါတယ်။”
သမ္မတ ဦးသိန်းစိန်က ၈ လေးလုံးအရေးတော်ပုံ ၂၅ နှစ် ပြည့် ငွေရတုကို အသိအမှတ်ပြုတယ်လို့ ပြောခဲ့တဲ့နေရာမှာ နိုင်ငံရေးဖြစ်စဉ်မှာ ယခင် ကာလများက မရရှိဘူးသေးတဲ့ “သဘောထား မတူညီသူများ အတူလက်တွဲ လုပ်ဆောင်နိုင်တယ်ဆိုပြီး ပြောဆိုခဲ့တဲ့ အပေါ်မှာ ၈၈ ငြိမ်းချမ်းရေးနဲ့
ပွင့်လင်း” လူမှုအဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုဂျင်မီက အခုလို မှတ်ချက်ပေးပါတယ်။
“မတူညီတဲ့အဖွဲ့အစည်းဆိုတာ ယနေ့အချိန်အထိကို ကောက်မယ်ဆိုရင် ဘာပေါ်မှာ အမြင်မတူတာလဲဆိုတာကို ပြန်ဆန်းစစ်ဖို့ လိုလာတယ်။ အဲဒါ ဘာလဲဆိုတော့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနဲ့ ကျန်တဲ့ဒီမိုကရေစီ အမြင်မတူဘူးလားဆိုတာ-ပေါ့။ အဲဒီ မတူညီတဲ့ အင်အားစုဆိုတာ ယနေ့အချိန်အထိလားဆိုတာတော့ ဒုတိယအပိုင်းကို ကျနော် စဉ်းစားကြည့်တာ။ ဒါပေမဲ့ ကျနော်မြင်တာကတော့ မတူညီတဲ့အပေါ်မှာ ကျနော်တို့က ဘာမှ ပြောစရာမရှိဘူး။ နဂိုရ်ကတည်းကလည်း ဒီမိုကရေစီဆိုတဲ့သဘောက diverse in unity , unity in diverse သဘောကို ဆောင်တာပဲ။ အဲဒီတော့ အခု သမ္မတရဲ့ မိန့်ခွန်းကို ကျနော်တို့ ကောက်ချက်ပြုချင်တာကတော့ နံပါတ် (၁) က (၈) လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးကို အသိအမှတ်ပြုလိုက်တယ်။ ဒါကို ကျနော်တို့ ကြိုဆိုရမှာဖြစ်တယ်။ နောက် ဒုတိယအဆင့်ကတော့ ဘယ်လိုပင် ပြဿနာဖြစ်နေပစေ အကြမ်းဖက်တဲ့နည်း၊ ထောင်ချတဲ့နည်းတွေက အလုပ်မဖြစ်ဘူး၊ တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာတဲ့အလုပ်ကသာလျှင် ရာသက်ပန်တည်တံ့တဲ့ အဖြေမျိုးကို ရနိုင်တယ်ဆိုတဲ့ အဲဒီ mind-set ချိန်း(ပြောင်း) သွားတယ်ဆိုရင်တော့ ကျနော်တို့ ဝမ်းသာစရာသိပ်ကောင်းမှာပဲ။”
သမ္မတဦးသိန်းစိန်က သူသမ္မတသက်တမ်းယူထားတဲ့ ကာလမှာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ ၊ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ပိုမို တိုးတက် ကောင်းမွန်လာဖို့ နောင်အနာဂတ် မျိုးဆက်သစ်တွေအတွက်ပါ ပိုမိုကောင်းမွန် ပြည့်စုံတဲ့ဘဝတွေ ပိုင်ဆိုင်လာကြဖို့အတွက် တစိုက်မတ်မတ် ဆောင်ရွက်နေပါတယ်လို့လည်း မိန့်ခွန်းထဲမှာ အာမခံပြောကြားသွားပါတယ်ခင်ဗျာ။