သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယားစစ် ရပ်ဆဲဖို့ ပုပ်ရဟန်းမင်းကြီး တောင်းဆို


ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

ဆီးရီးယားနိုင်ငံအတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်ဆိုင်းကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

ဗာတီကန်မြို့မှာ အပတ်စဉ် လူထုပရိသတ်ကို ပြောကြားတဲ့ မိန့်ခွန်းမှာ ပုပ်ရဟန်းမင်းကြီးက - အရပ်သားပြည်သူတွေ၊ အထူးသဖြင့် ကလေးငယ်တွေကို ဗုံးကျဲ တိုက်ခိုက်တာတွေကနေ ကင်းလွတ်နိုင်ဖို့အတွက် တိုက်ခိုက်မှုတွေ အားလုံး အဆုံးသတ်သင့်ပြီလို့ ပြောဆိုသွား ပါတယ်။ ငါးနှစ်ကျော်ကြာ ဖြစ်ပွားနေတဲ့ ဆီးရီးယားစစ်ပွဲကာလတလျှောက် ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းချက်တွေ ဟာလည်း အချိန်တိုအတွင်း အလျင်အမြန် ပျက်စီးခဲ့ပြီး၊ ဒီအထဲမှာ အမေရိကန်နဲ့ ရုရှားတို့ ကြားဝင် စေ့စပ်ညှိနှိုင်းခဲ့တဲ့ နောက်ဆုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ဆိုရင်လည်း ရယူပြီးသိပ်မကြာခင် ပြီးခဲ့တဲ့လထဲမှာပဲ ပျက်ပြယ်သွားခဲ့တာပါ။

မနေ့က အင်္ဂါနေ့မှာ ရုရှား စစ်လေယာဉ်တွေဟာ သူပုန်တွေထိန်းချုပ်ထားတဲ့ Aleppo မြို့ အရှေ့ဘက်ခြမ်းကို ပြင်းပြင်းထန်ထန် ဗုံးကျဲတိုက်ခိုက်ခဲ့တာမှာ လူ ၂၀ ကျော် သေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ထဲ ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ် အစိုးရက အရပ်သားတွေကို လက်နက်စွန့်ပြီး အတိုက်အခံတွေ ထိန်းချုပ်ရာ ရပ်ကွက်တွေထဲကနေ ထွက်ခွာနိုင်အောင် လေကြောင်းတိုက်ခိုက်မှုတွေ လျော့ပေးမယ်လို့ ကြေညာခဲ့ပေမဲ့ အဲဒီချိန်ကစပြီး ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကတော့ အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေ ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။

အရပ်သားပြည်သူတွေကလည်း အစိုးရဘက်က ကမ်းလှမ်းချက်ကို မယုံကြည်တာကြောင့် လက်မခံကြပါဘူး။ သမ္မတအာဆတ် အစိုးရပြုတ်ကျရေး တိုက်ပွဲဝင်နေကြတဲ့ သူပုန်အဖွဲ့တွေကလည်း ဒါဟာ အစိုးရရဲ့ လိမ်လည် လှည့်ဖျားမှုဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG