သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီးဟောင်း Benedict ကွယ်လွန်


FILE - Pope Benedict XVI, Cardinal Joseph Ratzinger of Germany, waves from a balcony of St. Peter's Basilica, Vatican City, April 19, 2005.
FILE - Pope Benedict XVI, Cardinal Joseph Ratzinger of Germany, waves from a balcony of St. Peter's Basilica, Vatican City, April 19, 2005.

သက်တော် ၉၅ နှစ် ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟောင်း Benedict ဟာ ဒီနေ့ ကွယ်လွန်သွားပါတယ်။ ပုပ်ရဟန်းမင်းကြီးဟောင်း Benedict ကက်သလစ် ဘာသာဝင်တွေရဲ့ သြဇာအကြီးဆုံး ခေါင်းဆောင်တဦးအဖြစ် ၈ နှစ်ကြာ တာဝန်ယူပြီးတဲ့နောက် ကျန်းမာရေးကြောင့် ၂၀၁၃ ခုနှစ်မှာ ရာထူးက ရုတ်တရက် အနားယူသွားခဲ့တာပါ။

သူ့အနေနဲ့ စိတ်ပိုင်းရော၊ ရုပ်ပိုင်အရပါ ပုပ်ရဟန်းအဖြစ်နဲ့ တာဝန်ထမ်းဆောင်နိုင်စွမ်း မရှိတော့တဲ့အတွက် ရာထူးကနေ အနားယူမယ့်အကြောင်း ပြောကြားလိုက်ချိန် ပုပ်ရဟန်းမင်းတဦးအနေနဲ့ အခုလို ရာထူးက အနားယူတာ နှစ်ပေါင်း ၆၀၀ အတွင်း၊ ပထမအကြိမ် ဖြစ်တာကြောင့် အများစုက အံ့အားသင့်ခဲ့ကြတာပါ။

ပုပ်ရဟန်းမင်းကြီးဟောင်း Benedict ဟာ အတော်ကြီးမကျန်းမမာ ဖြစ်နေတဲ့အတွက် ဆုတောင်းပေးနေပါကြောင်းနဲ့ ကျန်တဲ့သူတွေကလည်း သူ့အတွက် ဆုတောင်းပေးကြဖို့ ကက်သလစ်ဘာသာဝင်တွေရဲ့ လက်ရှိ ပုပ်ရဟန်းမင်းကြီး Francis က ဒီဇင်ဘာ ၂၈ ရက်နေ့ကပဲ ပြောကြားခဲ့ပါသေးတယ်။

ရာထူးက အနားယူသွားပြီးတဲ့နောက် သူ့အနေနဲ့ အများမြင်ကွင်းရှေ့ကို ထွက်လာလေ့မရှိဘဲ ဆုတောင်းဝတ်ပြုတာနဲ့ တရားထိုင်တာတွေပဲ ပုံမှန် လုပ်နေခဲ့တယ်လို့ ဆိုပါတယ်။ ပုပ်ရဟန်းမင်းကြီးဟောင်း Benedict ဟာ ဂျာမနီနိုင်ငံမှာ ၁၉၂၇ ခုနှစ်က မွေးဖွားခဲ့သူဖြစ်ပြီး ဒုတိယကမ္ဘာစစ်မဖြစ်ခင် ငယ်စဉ်ဘဝကတည်း သာသနာ့ဘောင်ကို ဝင်ခဲ့ပါတယ်။

=== Unicode =====





XS
SM
MD
LG