သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ဝမ်-တရုတ်ပဋိပက္ခ ဖိလစ်ပိုင် ကြားနေရေးခက်


This file photo taken on May 14, 2019 shows a Philippines' coast guard ship (R) sailing past a Chinese coast guard ship during a joint search and rescue exercise between the Philippines and US coast guards near Scarborough Shoal in the South China Sea.
This file photo taken on May 14, 2019 shows a Philippines' coast guard ship (R) sailing past a Chinese coast guard ship during a joint search and rescue exercise between the Philippines and US coast guards near Scarborough Shoal in the South China Sea.

ဖိလစ်ပိုင်နိုင်ငံဟာ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကြောင့် အကျိုးစီးပွားဖြစ်နေပေမယ့်လည်း၊ တဘက်မှာ အမေရိကန်နဲ့ မဟာမိတ်စာချုပ်ချုပ်ဆိုထားတဲ့အတွက် တရုတ်နဲ့ ထိုင်ဝမ် ပဋိပက္ခမှာ ဘယ်ဘက်ကရပ်တည်မလဲဆိုတာ ဖိလစ်ပိုင်နိုင်ငံ အနေနဲ့ အခက်ခဲတွေ့နိုင်တယ်လို့ အကဲခတ်တွေကပြောဆိုပါတယ်။  

တိုင်ဝမ်-တရုတ်ပဋိပက္ခ ဖိလစ်ပိုင် ကြားနေရေးခက်

{{Zawgyi/Unicode}}
ဖိလစ်ပိုင်နိုင်ငံဟာ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကြောင့် အကျိုးစီးပွားဖြစ်နေပေမယ့်လည်း၊ တဘက်မှာ အမေရိကန်နဲ့ မဟာမိတ်စာချုပ်ချုပ်ဆိုထားတဲ့အတွက် တရုတ်နဲ့ ထိုင်ဝမ် ပဋိပက္ခမှာ ဘယ်ဘက်ကရပ်တည်မလဲဆိုတာ ဖိလစ်ပိုင်နိုင်ငံ အနေနဲ့ အခက်ခဲတွေ့နိုင်တယ်လို့ အကဲခတ်တွေကပြောဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ထိုင်ဝမ်နဲ့ နယ်နိမိတ်ခြင်း နီးစပ်နေတဲ့အတွက် ဖိလစ်ပိုင်က ရွေးချယ်သည်ဖြစ်စေ မရွေးချယ်သည် ဖြစ်စေ ထိုင်ဝမ်ပြဿနာထဲကို ပါသွားနိုင်တယ်လို့လည်းပြောဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့လူဦးရေ အထူထပ်ဆုံးနဲ့ မြောက်ဘက်အကျဆုံးကျွန်းဖြစ်တဲ့ Luzon ကျွန်းဟာ ထိုင်ဝမ်ကနေ မိုင် ၁၅၅ မိုင်ဘဲကွာဝေးပါတယ်။ ဒါ့အပြင် ဒီကျွန်းဟာ တရုတ်က သူနယ်မြေလို့ကြွေးကြော်ထားပြီး၊ တရုတ်စစ်သင်္ဘောတွေ ကင်းလှည့်နေတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲက မဟာဗျူဟာကျတဲ့နေရာ မှာရှိနေပါတယ်။

ပထဝီ အနေအထားအရ အမေရိကန် မဟာမိတ်တွေကလည်း ဖိလစ်ပိုင်ရဲ့ ကျွန်းတွေကိုအခြေခံစခန်းတွေအဖြစ် အသုံးပြုနိုင်တယ်လို့ အမေရိကန်အခြေစိုက် CSIS မဟာဗျူဟာလေ့လာရေးဌာနက အရှေ့တောင်အာရှဒေသ ဆိုင်ရာညွှန်ကြားရေးမှုး Gregory Poling ကပြောဆိုပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်တပ်တွေချထားမှုကို တိုးချဲ့ထားတဲ့အတွက် ထိုင်ဝမ်ရေလက်ကြားရဲ့တောင်ဘက်အဆုံးကို အမေရိကန်နဲ့ ဂျပန်တို့က ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ပါဘူး။

ဒါ့အပြင် Spratly Islands and Scarborough Shoal ကျွန်းတွေအနီး ဖိလစ်ပိုင်နဲ့ တရုတ်တို့ ရေပိုင်နက် မကြာခနအငြင်းပွားလေ့ရှိပါတယ်။ ဒါပေမယ့် လည်း တဘက်မှာလည်း ဖိလစ်ပိုင်ရဲ့အဓိက ရထားလမ်း စီမံကိန်း ၃ အပါအဝင် တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေဟာလည်း ဖိလစ်ပိုင်မှာ အများအပြားရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

.....................................


{{Zawgyi/Unicode}}






XS
SM
MD
LG