သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်လာဒင် မိသားစုဝင်တွေ ထောင်ဒဏ် ၄၅ ရက် အပြစ်ပေးခံရ


ဘင်လာဒင်၏ အငယ်ဆုံးဇနီး (Amal Al-Sadeh) ယီမင်သူ၏ အကို (Zakarya Ahmad Al-Fattah) (ညာ)၊ နှင့် ရှေ့နေ Amir Khalil (ဘယ်) တို့ အတူ တရားရုံးသို့ လာစဉ်
ဘင်လာဒင်၏ အငယ်ဆုံးဇနီး (Amal Al-Sadeh) ယီမင်သူ၏ အကို (Zakarya Ahmad Al-Fattah) (ညာ)၊ နှင့် ရှေ့နေ Amir Khalil (ဘယ်) တို့ အတူ တရားရုံးသို့ လာစဉ်

ပါကစ္စတန်တရားရုံး တရုံးက ကွယ်လွန်သွားပြီးဖြစ်တဲ့ အယ်လ်ခိုက်ဒါးအဖွဲ့ ခေါင်းဆောင် အိုစမာဘင်လာဒင်ရဲ့ ကျန်ရစ်သူ ဇနီး ၃ ယောက်နဲ့ သမီး ၂ ယောက်တို့ကို နိုင်ငံအတွင်း တရားမဝင် ဝင်ရောက် နေထိုင်မှုအတွက် ထောင်ဒဏ် ၄၅ ရက် အပြစ် ပေးလိုက်တဲ့အပြင်၊ သူတို့ကို နိုင်ငံကနေ နှင်ထုတ်ဖို့ကိုပါ အမိန့်ချမှတ်လိုက်ပါတယ်။

အမျိုးသမီး ၅ ယောက်အနေနဲ့ တဦးချင်းစီအတွက် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁၁၀ ပေးဆောင် ရမှာ ဖြစ်တဲ့ အကြောင်းလည်း သူတို့ဖက်က ဆောင်ရွက်ပေးတဲ့ ဥပဒေ အကျိုးဆောင် အေမီယာ ခါလီ က ပြောဆို ပါတယ်။

ဒဏ်ငွေပေးဆောင် ပြီးပြီဆိုရင် သူတို့ကို နိုင်ငံရင်းကို ပြန်ပို့ဖို့ အတွက် စီစဉ်ပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းရေးဝန် က ညွှန်ကြားထားပြီး ဖြစ်တယ်လို့ သူကပြောပါတယ်။ အမျိုးသမီးတွေ အားလုံးဟာ ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း ရှေ့နေကပြောပါတယ်။

ဘင်လာဒင်ရဲ့ ဇနီး ၂ ဦးဟာ ဆော်ဒီအာရေးဘီးယား နိုင်ငံသူတွေ ဖြစ်ကြပြီး တယောက်ကတော့ ယီမင်နိုင်ငံ သူ ဖြစ်ပါတယ်။ သူတို့ ၃ ဦးနဲ့ ဘင်လာဒင်ရဲ့ ကလေးတွေကို ပြီးခဲ့တဲ့နှစ် မေလ ၂ ရက်နေ့ကတည်းက ပါကစ္စတန် နိုင်ငံ အဘူဒါဘက် မြို့မှာရှိတဲ့ ဘင်လာဒင်ပုန်းခိုနေတဲ့ အိမ်ကို အမေရိကန်ရေတပ် အထူးတပ်ဖွဲ့ က လျှပ်တပြတ် ဝင်ရောက် စီးနင်းတိုက်ခိုက်ပြီး ဘင်လာဒင်ကို သုတ်သင် လိုက်တဲ့အချိန် ကတည်းက ပါကစ္စတန် အာဏာပိုင် တွေက ဖမ်းဆီး ထိန်းသိမ်းထားတာပါ။

အဲဒီလိုဖမ်းဆီးထားတာ ခံခဲ့ရတဲ့အတွက် ပြစ်ဒဏ်ထဲကနေ လျှော့ရက် ၂ ပတ်ခံစားခွင့်ပြုမှာ ဖြစ်ပါတယ်။ တနင်္လာ နေ့ အမှုစစ်ဆေးတဲ့နေရာကို လုံခြုံရေးအစောင့်တွေ ထူထူထပ်ထပ်ချထားတယ်လို့ လည်းသိရပါတယ်။

XS
SM
MD
LG