တရုတ်နိုင်ငံက မတည်မငြိမ်ဖြစ်နေတဲ့ ရှင်ဂျန်းပြည်နယ်တွင်းမှာ နေထိုင်ကြတဲ့ ဒါဇင်နဲ့ချီရှိတဲ့ အမျိုးသမီးတွေကို နိုင်ငံရဲ့မြောက်ဘက် အိမ်နီးချင်း ပါကစ္စတန်နိုင်ငံက အမျိုးသားတွေနဲ့ ထိမ်းမြားလက်ထပ်တဲ့အတွက် တရုတ်အာဏာပိုင်တွေက ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ဒီကိစ္စကို GB လို့ခေါ်တဲ့ Gilgit-Baltistan ဒေသ ဥပဒေပြုလွှတ်တော်က ဆုံးဖြတ်ချက်အဖြစ် တညီတညွတ်ထဲ ချမှတ်ခဲ့ပြီး ပါကစ္စတန်ဥပဒေပြုလွှတ်တော်က တနင်္ဂနွေနေ့မှာ ထုတ်ဖေါ်ပြောဆိုပါတယ်။
အဲဒီဆုံးဖြတ်ချက်ကတော့ တရုတ်ဇနီးသည် ၅၀ ကျော် လွတ်မြောက်ရေးအတွက် ပါကစ္စတန်အစိုးအနေနဲ့ အရေးပေါ် ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒီအမျိုးသမီးတွေဟာ ပြီးခဲ့တဲ့နှစ်က သူတို့ရဲ့ဆွေမျိုးတွေရှိရာ ရှင်ဂျန်းပြည်နယ်ကို ပြန်လည်သွားရောက် လည်ပတ်စဉ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာလို့ ဆိုပါတယ်။
လွှတ်တော် ဒုတိယ သဘာပတိရဲ့ ပြောစကားအရ အဲဒီအမျိုးသမီးတွေဟာ ဝီဂါမွတ်ဆလင်တွေနေထိုင်ရာ ရှင်ဂျန်း ပြည်နယ်အတွင်း အကြမ်းဖက်ဝါဒစွဲတိုက်ဖျက်ရေး စီမံချက်ပြုလုပ်နေချိန်မှာ အဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။