၂၀၁၅ ခုနှစ် အော်စကာရုပ်ရှင်ဆုပေးပွဲအတွက် ဆန်ခါတင်ရွေးချယ်ခံထားတဲ့ စာရင်းကို ဟောလီဝုဒ်က ထုတ်ပြန်ရာမှာ ဇာတ်လမ်းအသားပေးရုပ်ရှင်၊ ဟာသရုပ်ရှင်နဲ့ ကိုယ်ရေးအတ္ထုပတ္တိ ရုပ်ရှင်ကားတွေ စုံစုံလင်လင်ပါဝင်ပါတယ်။
အားလုံးထဲမှာ ထိပ်ဆုံးရောက်နေတဲ့ရုပ်ရှင်ကားနှစ်ကားကတော့ အကောင်းဆုံး ဇာတ်ကားဆုအပါအဝင် တကားစီကို ဆုအမျိုးအစား ၉ ခုစီ တင်ကြိုပေးခံရတာပါ။ Birdman ဆိုတဲ့ ဇာတ်ကားမှာတော့ အောင်မြင်မှုမရတဲ့ သရုပ်ဆောင်တဦးက Broadway ပြဇာတ် ဒါရိုက်တာအဖြစ်နဲ့ အနုပညာလောကမှာ ပြန်ပြီးအောင်မြင်မှု ရအောင်ကြိုးစားတဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။
နောက်ထပ် ဟာသ ဇတ်မြူးကားဖြစ်တဲ့ The Grand Budapest Hotel ကတော့ ဟိုတယ်ဧည့်ကြိုတဦး လူသတ်မှုနဲ့ စွပ်စွဲခံရတာကို လွတ်မြောက်အောင် ကြိုးစားတဲ့အကြောင်း ရိုက်ကူးထားတဲ့ ကားပါ။ အကောင်းဆုံးဇာတ်ကားဆုမှာ ဆန်ခါတင်ရွေးခံရတဲ့ နောက် ဇတ်ကားနှစ်ကားကတော့ ဗြိတိသျှ အတ္ထူပတ္တိ ရုပ်ရှင်ကား The Theory of Everything နဲ့ သိပ္ပံပညာရှင် Stephen Hawking နဲ့ Alan Turing တို့ အကြောင်း ရိုက်ကူးထားတဲ့ The Imitation Game ဇာတ်ကားတို့ဖြစ်ပါတယ်။
အီရတ်စစ်ပွဲကို အခြေခံ ရိုက်ကူးထားတဲ့ American Sniper ဆိုတဲ့ ဇာတ်ကား၊ အမေရိကန် နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ Selma ဆိုတဲ့ ဇာတ်ကားနဲ့ လူငယ်တဦး ကြီးပြင်းလာတဲ့အကြောင်း ၁၂ နှစ်ကြာ အချိန်ယူ ရိုက်ကူးထားတဲ့ Boyhood နဲ့ နောက်ဆုံးတကားကတော့ Jazz ဂီတ Drummber တဦး သူ့နယ်ပယ်မှာ အောင်မြင်အောင် လုပ်တဲ့ Whiplash တို့ ရဲ့ ဇာတ်ကားတို့ဖြစ်ပါတယ်။ အကယ်ဒမီဆုပေးပွဲကို ဖေဖာ်ဝါရီ ၂၂ မှာ ကျင်းပပြီး ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်မှာပါ။