သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား နဲ့  ဘဲလားရုစ်ကို နိုင်ငံတကာအားကစားပွဲ တွေမှာ ပါဝင်ခွင့် ပိတ်ပင်

A view of the Russian Olympic Committee (ROC) headquarters in Moscow on December 17, 2020, hours before the Court of Arbitration for Sport (CAS) is to deliver its verdict over Russia ban from international sports imposed following allegations of state-san

{{Zawgyi/Unicode }}
ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်တဲ့အတွက် ရုရှားနဲ့ ဘယ်လရုစ်နိုင်ငံတွေကို နိုင်ငံတကာအားကစားပြိုင်ပွဲတွေမှာပါဝင်ခွင့်ပိတ်ပင်ကြောင်းကမ္ဘာ့အားကစားအဖွဲ့ချုပ်တွေက အဂါၤနေ့မှာကြေညာလိုက်ပါတယ်။

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က တနင်္လာနေ့တုန်းက ရုရှားနဲ့ ဘယ်လာရုစ် နိုင်ငံတွေမှာပြု လုပ်မယ်ပွဲစဉ်တွေကိုဖျက်သိမ်းလိုက်ပြီး၊ ဒီနိုင်ငံကစားသမားတွေ ပါဝင်ခွင့်ကိုလည်း အင်္ဂါနေ့မှာ ပိတ်ပင်လိုက်ပါတယ်။ ဒါပေမယ့် ဒီတပတ်အတွင်းစပိန်နိုင်ငံမှာ ကစားမယ့် ကစားပွဲတွေအတွက်တော့ နိုင်ငံကိုကိုယ်စားမပြုဘဲ၊ လူပုဂ္ဂိုလ်တဦးခြင်းအနေနဲ့သာ ကစားခွင့်ပြုပါမယ်။

ဘယ်လာရုစ်နိုင်ငံဟာလည်း ရုရှားက ယူကရိန်း ကို ကျူးကျော်ရာမှာ မဟာဗျူဟာကျတဲ့ ကူညီထောက်ပံမှုေတွေပေးတဲ့အတွက် ဘယ်လာရုစ်နိုင်ငံ ကိုပါ ပိတ်ပင်တာဖြစ်ပါတယ်။

ကမ္ဘာ့လှေလှော်အဖွဲ့ချုပ်ကလည်း ရုရှားရဲ့ကျူးကျော်မှုကို ပြင်းထန်စွာရှုတ်ချလိုက်ပြီး၊ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေကို ပြိုင်ပွဲဝင်ခွင့်တွေပိတ်ပင်လိုက်ပါတယ်။

ဒါ့အပြင် တနင်္ဂနွေနေ့က နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ်တို့ကလည်း ရုရှားနဲ့ ဘယ်လာရုစ်ပွဲစဉ်တွေကိုဖျက်သိမ်းပြီးပိတ်ပင်ခဲ့ပါတယ်။ ကမ္ဘာ့ စကိတ်စီးနဲ့ဘော်လီဘော အဖွဲ့ချုပ်တွေကလည်း အလားတူ ပိတ်ပင်ခဲ့ကြပါတယ်။

ရေကူးအဖွဲ့ချုပ်ကလည်း တနင်္ဂနွေနေ့ က ရုရှားကပွဲစဉ်တွေကိုဖျက်သိမ်းခဲ့ပြီး ပိတ်ပင်ခဲ့သလို FIFA ဘော်လုံးအဖွဲ့ချုပ်ကလည်း ရုရှားအမျိုးသားအသင်းကို ဒီနှစ် ကမ္ဘာဖလားပွဲကနေ ထုတ်ပယ်လိုက်ပါတယ်။ အလားတူ အမျိုးသမီးအသင်းကိုလည်း ၂ဝ၂၂ ယူရိုဖလားပြိုင်ပွဲကနေထုတ်ပယ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

............................................

ရုရှား နဲ့ ဘဲလားရုစ်ကို နိုင်ငံတကာအားကစားပွဲ တွေမှာ ပါဝင်ခွင့် ပိတ်ပင်

{{Zawgyi/Unicode }}
ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်တဲ့အတွက် ရုရှားနဲ့ ဘယ်လရုစ်နိုင်ငံတွေကို နိုင်ငံတကာအားကစားပြိုင်ပွဲတွေမှာပါဝင်ခွင့်ပိတ်ပင်ကြောင်းကမ္ဘာ့အားကစားအဖွဲ့ချုပ်တွေက အဂါင်္နေ့မှာကြေညာလိုက်ပါတယ်။

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က တနင်္လာနေ့တုန်းက ရုရှားနဲ့ ဘယ်လာရုစ် နိုင်ငံတွေမှာပြု လုပ်မယ်ပွဲစဉ်တွေကိုဖျက်သိမ်းလိုက်ပြီး၊ ဒီနိုင်ငံကစားသမားတွေ ပါဝင်ခွင့်ကိုလည်း အင်္ဂါနေ့မှာ ပိတ်ပင်လိုက်ပါတယ်။ ဒါပေမယ့် ဒီတပတ်အတွင်းစပိန်နိုင်ငံမှာ ကစားမယ့် ကစားပွဲတွေအတွက်တော့ နိုင်ငံကိုကိုယ်စားမပြုဘဲ၊ လူပုဂ္ဂိုလ်တဦးခြင်းအနေနဲ့သာ ကစားခွင့်ပြုပါမယ်။

ဘယ်လာရုစ်နိုင်ငံဟာလည်း ရုရှားကယူကရိန်း ကို ကျူးကျော်ရာမှာ မဟာဗျူဟာကျတဲ့ ကူညီထောက်ပံမှုတွေပေးတဲ့အတွက် ဘယ်လာရုစ်နိုင်ငံ ကိုပါ ပိတ်ပင်တာဖြစ်ပါတယ်။

ကမ္ဘာ့လှေလှော်အဖွဲ့ချုပ်ကလည်း ရုရှားရဲ့ကျူးကျော်မှုကို ပြင်းထန်စွာရှုံချလိုက်ပြီး၊ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေကို ပြိုင်ပွဲဝင်ခွင့်တွေပိတ်ပင်လိုက်ပါတယ်။

ဒါ့အပြင် တနင်္ဂနွေနေ့က နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ်တို့ကလည်း ရုရှားနဲ့ ဘယ်လာရုစ်ပွဲစဉ်တွေကိုဖျက်သိမ်းပြီးပိတ်ပင်ခဲ့ပါတယ်။ ကမ္ဘာ့ စကိတ်စီးနဲ့ဘော်လီဘော အဖွဲ့ချုပ်တွေကလည်းအလားတူ ပိတ်ပင်ခဲ့ကြပါတယ်။

ရေကူးအဖွဲ့ချုပ်ကလည်း တနင်္ဂနွေနေ့ က ရုရှားကပွဲစဉ်တွေကိုဖျက်သိမ်းခဲ့ပြီး ပိတ်ပင်ခဲ့သလို FIFA ဘော်လုံးအဖွဲ့ချုပ်ကလည်း ရုရှားအမျိုးသားအသင်းကို ဒီနှစ် ကမ္ဘာဖလားပွဲကနေ ထုတ်ပယ်ခဲ့သလိုက်ပါတယ်။ အလားတူ အမျိုးသမီးအသင်းကိုလည်း ၂၀၂၂ ယူရိုဖလားပြိုင်ပွဲကနေထုတ်ပယ်ခဲ့ပါတယ်။

XS
SM
MD
LG