သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီ မြောက်ကိုးရီးယားကို ရှုံ့ချ


ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များ
ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များ

မြောက်ကိုရီးယားက မအောင်မြင်တဲ့ Missile ဒုံးကျည် လတ်တလောပြစ်ခတ်ခဲ့မှုအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားလိုက်ပြီး နောက်ထပ်အရေးယူဒဏ်ခတ်မှုတွေလုပ်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

ဒုံးကျည်ပြစ်လွှတ်ဖို့ မြောက်ကိုရီးယားရဲ့ ကြိုးပမ်းမှုဟာ အရင်ကုသမဂ္ဂက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တော်တော်များများကို အကြီးအကျယ် ချိုးဖောက်လိုက်တာဖြစ်တယ်လို့ လုံခြုံရေးကောင်စီမှာ တနင်္လာနေ့က အရေးပေါ် တခါးပိတ်ဆွေးနွေးအပြီး ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ ပဲ့ထိန်းတပ်ဒုံးကျည်တွေနဲ့ Nuclear လက်နက်တွေ စမ်းသပ်မှုကို လုံးဝထပ်မလုပ်ပါနဲ့လို့လည်း ပြောကြားထားပါတယ်။ အခြေအနေကို အနီးကပ်ဆက်လက် စောင့်ကြည့်နေပြီး သိသာတဲ့အရေးယူမှုတွေ နောက်ထပ်လုပ်သွားမယ်လို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက ပြောပါတယ်။ တာလစ်ပစ် ပဲ့ထိန်းဒုံးကျည်ကို မြောက်ကိုရီးယားက စနေနေ့က ပြစ်လွှတ်ဖို့ကြိုးစားခဲ့ပေမဲ့ ဒုံးကျည်ပျံအတက်မှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG