သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ပဲ့ထိန်းဒုံးတွေ ဆက်လက်ပစ်လွှတ်


A missile launch is seen at an undisclosed location in North Korea
A missile launch is seen at an undisclosed location in North Korea

မြောက်ကိုရီးယားက တာတိုပစ် ပဲ့ထိန်းဒုံးကျည် (၄) စင်းကို ဒီနေ့စနေနေ့မှာ ထပ်မံပစ်လွှတ်ပါတယ်။ ဒီသီတင်းပတ်ထဲမှာ မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်လွှတ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို နောက်ထပ်တရက်တိုး ဆက်လုပ်နေချိန်မှာပဲ မြောက်ကိုရီးယားကလည်း ဒုံးကျည်တွေ ထပ်ပြီးပစ်လွှတ်ခဲ့တာပါ။

ဒုံးကျည်တွေဟာ အကွာအဝေး မိုင် (၈၀) အထိ ရောက်ခဲ့ပြီး၊ အနောက်ဘက်ခြမ်း ပင်လယ်ပြင်အထက် အမြင့်ပေ (၆) သောင်းခွဲအထိ ရောက်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစလို့ မစ်ဇိုင်းဒုံးကျည် (၃၀) ထက်မနည်း ပစ်လွှတ်စမ်းသပ်ခဲ့ပြီး၊ ဒီလိုစမ်းသပ်မှုတွေကြောင့် တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေမှာ လေကြောင်းရန် သတိပေးချက်တွေနဲ့ အရေးပေါ်ဘေးလွတ်ရာ ခိုလှုံကြဖို့ ညွှန်ကြားချက်တွေ ထုတ်ရတဲ့အထိ အခြေအနေတွေ ရောက်ခဲ့ရတာပါ။

ကြာသပတေးနေ့က တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုကတော့ မအောင်မြင်ခဲ့ပါဘူး။ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ တင်းမာမှုတွေ ဆက်ရှိနေချိန်မှာပဲ မြောက်ကိုရီးယားက နှစ်နိုင်ငံနယ်စပ်အနီးမှာ စစ်လေယာဉ်အစင်း (၁၈၀) လောက် သောကြာနေ့က ပျံသန်းခဲ့တဲ့အတွက် တောင်ကိုရီးယား လေတပ်ကလည်း တိုက်လေယာဉ်တွေ ချက်ချင်းပျံသန်းပြီး ကာကွယ်ဖို့ အသင့်ပြင်ခဲ့ကြရပါတယ်။

ဒီကနေ့ အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေမှာတော့ အမေရိကန် B-1B မဟာဗျူဟာမြောက် ဗုံးကျဲလေယာဉ်တွေနဲ့ပါ လေ့ကျင့်ခဲ့ကြပါတယ်။

===== Unicode ====






XS
SM
MD
LG