သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားက ဂျပန်ပင်လယ်ပြင်ထဲ ဒုံးကျည် စမ်းသပ်ပစ်လွှတ်


This photo provided by the North Korean government, shows what it says a test launch of a Hwasong-15 intercontinental ballistic missile at Pyongyang International Airport in Pyongyang, North Korea, Feb. 18, 2023.
This photo provided by the North Korean government, shows what it says a test launch of a Hwasong-15 intercontinental ballistic missile at Pyongyang International Airport in Pyongyang, North Korea, Feb. 18, 2023.
မြောက်ကိုရီးယားက ဂျပန်ပင်လယ်ပြင်ထဲကို တာဝေးပစ် ဒုံးကျည်တစ်စင်း စနေနေ့က ပစ်လွှတ်လိုက်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်တို့ ပူးတွဲစစ်ရေး လေ့ကျင့်မှုအပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ ခြိမ်းခြောက်လိုက်ပြီး တစ်ရက်အကြာမှာ အခုလို ပစ်လိုက်တာပါ။ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ တိုးများလာနေတဲ့အတွက် အခုလို ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်တာဖြစ်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပြောကြပါတယ်။

တောင်ကိုရီးယားနဲ့ ဂျပန်စစ်တပ်တို့ရဲ့ အပြောအရ ဒုံးကျည်ဟာ အမြင့်မိုင် ၃၅၀၀ နဲ့ မိုင် ၅၆၀ အကွာဝေးကို တစ်နာရီအချိန်အတွင်း သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒုံးကျည်ရဲ့ အသေးစိတ် အချက်အလက်တွေကတော့ နိုဝင်ဘာလအတွင်းက ပစ်လွှတ်ခဲ့တဲ့ တိုက်ချင်းပစ် ဒုံးကျည် ICBM Hwasong-17 နဲ့ အတူတူပဲလို့ ပြောပါတယ်။

ဒီလို ပစ်လိုက်တဲ့အတွက် ထိခိုက်ပျက်စီးတာတော့ မရှိဘူးလို့ ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ Hirokazu Matsuno က ပြောပါတယ်။ Oshima ကျွန်းရဲ့ အနောက်ဘက် ၁၂၅ မိုင်အကွာ၊ ဂျပန်ရဲ့ စီးပွါးရေးဇုံ သတ်မှတ်ထားတဲ့ ပင်လယ်ပြင်ထဲကို ဒုံးကျည် က ကျရောက်ခဲ့ပါတယ်။ Oshima ကျွန်းဟာ ဂျပန်နိုင်ငံရဲ့ မြောက်ပိုင်း အဓိက ကျွန်းကြီးဖြစ်တဲ့ Hokkaido ရဲ့ အနောက်ဘက်မှာ ရှိပါတယ်။

အခုလို ပစ်လိုက်တာဟာ တင်းမာမှုကို မလိုအပ်ဘဲ ကြီးထွားစေပြီး ဒေသတွင်း လုံခြုံရေး အခြေအနေကို မတည်မငြိမ်ဖြစ်အောင် လုပ်ရာရောက်တယ်လို့ အမေရိကန် အစိုးရရဲ့ အမျိုးသား လုံခြုံရေးကောင်စီက ပြောပါတယ်။ တောင်ကိုရီးယား နိုင်ငံမှာတော့ အမျိုးသားလုံခြုံရေး ညွှန်ကြားရေးမှူး Kim Sung-han ဦးဆောင်ပြီး အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး၊ မြောက်ကိုရီးယားကို ရှုတ်ချလိုက်ပါတယ်။ အခုလို ပစ်လွှတ်တာနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံက အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ နီးနီးကပ်ကပ် ဆက်သွယ်ဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ် Fumio Kishida က ပြောပါတယ်။

=== Unicode ====





XS
SM
MD
LG