သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နော်မန်ဒီကမ်းခြေတိုက်ပွဲ D-Day အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပ


နော်မန်ဒီ ကမ်းတက်တိုက်ပွဲ D-Day ဆင်နွှဲခဲ့တဲ့ ၇၇ နှစ်မြောက် အထိမ်းအမှတ် မြင်ကွင်းတခု။ (ဇွန် ၆၊ ၂၀၂၁)
နော်မန်ဒီ ကမ်းတက်တိုက်ပွဲ D-Day ဆင်နွှဲခဲ့တဲ့ ၇၇ နှစ်မြောက် အထိမ်းအမှတ် မြင်ကွင်းတခု။ (ဇွန် ၆၊ ၂၀၂၁)

(Zawgyi / Unicode)

ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်နာဇီတွေလက်ထဲက ပြင်သစ်နဲ့ ဥရောပကို လွတ်မြောက်စေခဲ့တဲ့ D-Day ကမ်းတက်တိုက်ပွဲ ဆင်နွှဲခဲ့တဲ့ ၇၇ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား တော်တော်များများ ဒီကနေ့ တနင်္ဂနွေနေ့ ကျင်းပဖို့ စီစဉ်ထားကြပါတယ်။

၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက်နေ့က မဟာမိတ်တပ်ဖွဲ့ဝင် တသိန်းခွဲလောက် လျှို့ဝှက်နာမည်ပေးထားတဲ့ ကမ်းခြေတွေမှာ တိုက်ခိုက်ရေးလှေ (သင်္ဘော) ၇,၀၀၀ နဲ့ ကမ်းတက်တိုက်ပွဲ ဆင်နွှဲခဲ့တာပါ။

ကိုရိုနာဗိုင်းရပ် ကူးစက်မှုတွေကြောင့် ခရီးသွားလာရေး ကန့်သတ်မှုတွေ ပြဋ္ဌာန်းခဲ့တဲ့အတွက် အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံက စစ်ပြန်ကြီးတွေနဲ့ ကျဆုံးစစ်သည်တွေရဲ့ မိသားစုတွေ ပြင်သစ်ကို မသွားနိုင်တာ ၂ နှစ် ရှိသွားပြီ ဖြစ်ပါတယ်။

ကပ်ရောဂါ ကူးစက်မှုတွေကြောင့် အခမ်းအနား တော်တော်များများ ပယ်ဖျက်ခဲ့ပြီး တရားဝင်အခမ်းအနားတွေလည်း လူနည်းနည်းလေးနဲ့ ကန့်သတ်ပြီး အထူးဧည့်သည်တွေ ဖိတ်ကြား ကျင်းပခဲ့တာပါ။

ဒေသခံတွေ အတော်များများကတော့ ဒီသီတင်းပတ်ကုန် နှစ်ပတ်လည် အခမ်းအနားတွေမှာ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ပေးခဲ့သူတွေကို ဂုဏ်ပြုပြီး အောက်မေ့ဖွယ် အထိမ်းအမှတ် နေရာတွေကို သွားရောက်ခဲ့ကြပါတယ်။

ဒုတိယကမ္ဘာစစ် နော်မန်ဒီကမ်းခြေ D-Day ကမ်းတက်တိုက်ပွဲမှာ မဟာမိတ်တပ်ဖွဲ့ဝင် ၄,၄၁၄ ဦး ကျဆုံးခဲ့ပြီး ဒီအထဲ အမေရိကန် ၂,၅၀၁ ယောက် ပါဝင်ပါတယ်။ ဒီတိုက်ပွဲအတွင်း ဒဏ်ရာရသူ လူ ၅,၀၀၀ လောက် ရှိခဲ့တာပါ။ ဂျာမနီဘက်မှာလည်း လူထောင်နဲ့ချီ သေဆုံး ဒဏ်ရာရခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)








XS
SM
MD
LG