Zawgyi
ကန်ကာကွယ်ရေးအသုံးစရိတ် ဥပဒေ မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်ခြေ
NDAA အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအသုံးစားရိတ်ဥပဒေမှာမြန်မာနိုင်ငံဆိုင်ရာ အချက်အလက်တချို့ထည့်သွင်းပြင်ဆင်ချက်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့က သမတ ဘိုင်ဒင်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် အတည်ဖြစ်လာပါတယ်။ ဒီ ဥပဒေ အရမြန်မာနိုင် ငံပတ်သက်လို့လုပ်ဆောင်ရမယ့် လုပ်ထုံးလုပ်နည်းအဆင့်တွေနဲ့ ဒီဥပဒေရဲ့သက်ရောက် နိုင်မှုတွေအပေါ် အမြင်တချို့ကို Woodrow Wilson Center မှာ Public Policy ဆိုင်ရာ သုတေသီ ကိုရဲမျိုးဟိန်းနဲ့၊ CSIS မဟာဗျူဟာနဲ့နိုင်ငံတကာလေ့လာရေး ဌာနက အာရှရေးရာကျွမ်းကျင်သူMichael Martin ကို-ကိုဇော်မိုးကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။
##
ဒီဇင်ဘာ ၂၇ ရက်နေ့က သမတ ဘိုင်ဒင်လက်မှတ်ရေးထိုးခဲ့တဲ့ NDAA ဥပဒေပြင်ဆင် ချက်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး စာမျက်နှာ ၅ မျက်နှာပါဝင်ပါတယ်။ NDAA ဥပဒေဟာ ၁၉၆၁ ခုနှစ်ကပြဌာန်းခဲ့တဲ့အမေရိကန်ကာကွယ်ရေးအသုံးစားရိတ်ဆိုင်ရာ ဥပဒေဖြစ်ပြီး စာမျက်နှာ ၁၀၀၀ ကျော်ရှိပါတယ်။ ဒီဥပဒေကိုနှစ်စဉ် ဆွေးနွေးပြင် ဆင်တာသတ်မှတ်တာတွေ လုပ်လေ့ရှိပါတယ်။ ဒီပြင်ဆင်ချက်တွေအရ အမေရိကန် အစိုးရတာဝန်ရှိသူတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတာတွေကို သက်ဆိုင်ရာလွှတ်တော် ကော်မတီတွေမှာတင်ပြအစီရင်ခံမှာဖြစ်တဲ့အကြောင်း ဒီပြင်ဆင်ချက်ဥပဒေနဲ့ပတ်သက်ပြီး ကိုရဲမျိုးဟိန်းကရှင်းပြခဲ့ပါတယ်။ ဒီ NDAA ဥပဒေပြင်ဆင်ချက်အတည်ပြုလိုက်တဲ့အပေါ် မြန်မာ့အရေးနဲ့ပတ်သက်လို့ မျှော်လင့်ချက် တွေလည်းဖြစ်လာပါတယ်။ ဒါကြောင့် ဒီပြင်ဆင်ချက်နဲ့ပတ်သက်ပြီး လုပ်ဆောင်ရမယ့်အဆင့်တွေကို သုတေသီ ကိုရဲမျိုးဟိန်းကိုမေးကြည့်ပါတယ်။
ကိုဇော်မိုးကျော်။ ။ ဟုတ်ကဲ့ အခုမျှော်လင့်ချက်တွေလည်း ဖြစ်လာကြတယ်လေ၊ တချို့ကလည်း ဒီ NDAA ပြင်ဆင်ချက်ကိုအတည်ပြုလိုက်တဲ့အတွက်ကြောင့် NUG ကို ဒီအမေရိကန်အစိုးရက အသိအမှတ်ပြုတော့မယ် ဆိုတာတွေအထိထင်လာတာတွေရှိတယ်လေ၊ အဲဒိတော့ ဒီဥပဒေနဲ့ပတ်သက်ပြီးတော့၊ လွှတ်တော်မှာ မြန်မာနိုင်ငံဆိုင်ရာ ကိစ္စတွေကို တင်ပြခွင့် ရတယ်လို့ကျနော်တို့ အကြမ်းဖျဉ်းနားလည်ထားတယ်လေ၊ အဲဒါဟုတ်ပါ သလား၊ ဒီခုနပြောသလို အများမျှော်လင့်သလို အသိအမှတ်ပြုရေး တွေဘာတွေဖြစ်လာမလား ဘယ်လိုသက်ရောက်မှုမျိုးတွေရှိနိုင်မလဲ။
ကိုရဲမျိုးဟိန်း။ ။ အဲဒိတော့အဲလိုမျိုးတင်ပြတဲ့အခါမှာ အဓိက အချက် ၄ ချက်ပါရမယ်လို့ အဲဒိဥပဒေထဲမှာပြဌာန်းထားတယ်ပေါ့၊ ပထမဆုံးအချက်ကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ အမေရိကန်ရဲ့ မူဝါဒနဲ့ လုံခြုံရေးဆိုင်ရာရည်ရွယ်ချက်ပေါ့၊ ဒုတိယအချက်ကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ အမေရိကန်အစိုးရအဖွဲ့ကနေပြီးတော့ ဆောင်ရွက်နေတဲ့အချက်တွေ၊ သတင်းအချက်လက်တွေကိုထည့်သွင်းဖေါ်ပြရမယ်လို့ပါတယ်။ အဲဒိတော့ အဲဒိသတင်းအချက်အလက်တွေမှာဘာပါသလဲဆိုတော့၊ အဓိက အဲဒိလိုမျိုးဆောင်ရွက် နေတဲ့အမေရိကန်အစိုးရ ဆောင်ရွက်နေတဲ့အချက်တွေသည် နံပတ် ၁ တချက်NUG ၊ CDM နဲ့ ဒီမိုကရေစီကိုထောက်ခံပေးနေတဲ့ အဖွဲ့အစည်းတွေကိုထောက်ပံ့ပေးတာဖြစ်ရမယ်၊ တရားဝင်မှုဖြစ်အောင်လုပ်ပေးတာဖြစ် ရမယ် ဆိုတဲ့အချက်ပါလာတာတွေ့ရတယ်၊ SAC ပေါ့ စကစ နဲ့ပတ်သက်လို့ ပတ်သက်ပြီးတော့ တရားဝင်မှု မပေးတဲ့ဟာ စကစကိုအရင်းအမြစ်တွေ ပေးတဲ့ဟာမျိုး ဖြစ်ကိုဖြစ်ရမယ် ဆိုတာမျိုးပါလာတယ်ပေါ့။ နောက်တတိယတချက်ကတော့ လက်ရှိအမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမျိုး အထောက်အပံ့တွေပေးနေလဲ၊ ဆိုတဲ့ဟာကို တင်ပြပေးတာမျိုးဖြစ်ရမယ်။ နောက်တ ချက်ကတော့ တရုတ်နဲ့ရုရှားရဲ့ မြန်မာနိုင်ငံ မဟာဗျူဟာ အကျိုးစီးပွားတွေဟာဘာတွေ ရှိလဲဆိုတဲ့ အချက်ကိုကျနော်တို့ ဖေါ်ပြတာမျိုးဖြစ်ရမယ်လို့ပါပါတယ်။ ဒုတိယအချက် ဖြစ်တဲ့ အမေရိကန်အစိုးရက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးဆောင်ရွက်နေတဲ့ အချက်အလက်တွေကိုဖေါ်ပြတဲ့ နေရာမှာ NUG၊ CDM နဲ့ အခြားဒီမိုကရေစီ ကိုထောက်ပံပေးနေတဲ့ အဖွဲ့တွေကို တရားဝင်မှုဖြစ်အောင် အားပေးထောက်ခံ တာမျိုးဖြစ်ရမယ်ဆိုတဲ့အချက်အပေါ်မှာမူတည် ပြီးတော့ တော်တော်များများ ကတော့ ဒါ NUG ကိုအသိအမှတ်ပြုတဲ့ ဥပဒေဖြစ်တယ်ဆိုပြီးတော့ပြောတဲ့ဟာမျိုးလို့ ကျနော်တော့မြင်ပါတယ်။
NDAA ပြင်ဆင်ချက်ကိုအတည်ပြုလိုက်တဲ့အတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါလဲ အများမျှော်လင့်သလို့ NUG အစိုးရကိုတရားဝင်အသိအမှတ် ပြုတာမျိုးဖြစ်လာနိုင်ပါသလားလို့ CSIS က ပညာရှင် Michael Martin ကိုမေးကြည့်ပါ တယ်။
Michael Martin: သမတဂျိုးဘိုင်ဒင်လက်မှတ်ထိုးပြီးအတည်ဖြစ်လာတဲ့ ဒီ NDAA ပြင်ဆင်ချက်ဟာ NUG ကိုတရားဝင်အစိုးရအဖြစ်တရားဝင်သတ်မှတ်တာမျိုးမပါဝင်ပါဘူး၊ ဒီလိုဘဲ NUG ကို တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုအောင်လုပ်ဆောင်ဖို့ပြဌာန်းတာလည်း မဟုတ်ပါဘူး။ ဒီဥပဒေဟာ သမတ ဘိုင်ဒင်အစိုးရအနေနဲ့ NUG တင်ကမဘဲ CDM လုပ်ဆောင်နေသူတွေအပါအဝင်၊ ဒီမိုကရေစီရရှိရေးလုပ်ဆောင်နေတဲ့ အဖွဲ့တွေကို အသိအမှတ်ပြုပြီး ဘယ်လိုကူညီလုပ်ဆောင်ပေးနေ တယ်ဆိုတာတွေကို လွှတ်တော်မှာ အစီရင်ခံတင်ပြဖို့ပြဌာန်းတဲ့ဥပဒေဘဲဖြစ်ပါတယ်။ NUG ရဲ့တရားဝင်မှုအဆင့် အတန်းနဲ့ပတ်သက်လို့ သမတဘိုင်ဒင်အစိုးရဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်ပြီးဒီဥပဒေအရ လွှတ်တော်ကနေ အစိုးရရဲ့ဆုံးဖြတ်ချက်ကိုဘာမှအပြောင်းအလဲဖြစ်စေမှာမဟုတ်ပါဘူး။ အဓိကကတော့ မြန်မာပြည်နဲ့ပတ်သက်လို့လုပ်ဆောင်နေတာတွေကို လွှတ်တော်မှာ တင်ပြအစီရင်ခံဖို့ဘဲ ဒီဥပဒေက ပြဌာန်းထားတာပါ။
ကိုဇော်မိုးကျော်။ ။ ဒီ NDAA ဥဒေပြင်ဆင်မှုဟာ မြန်မာနိုင်ငံဆိုင်ရာအမေရိကန် မူဝဒါမှာထူးခြားတဲ့ တိုးတက်မှုတရပ်လို့ထင်ပါသလား၊ လက်ရှိ မြန်မာနိုင်ငံအတွက်ချမှတ်ဆောင်ရွက်နေတဲ့ အမေရိကန်မူဝါဒတွေဟာလုံလောက်မှုရှိတယ်လို့ထင်ပါသလားလို့ Michael Martin ကို ဆက်မေးခဲ့ပါတယ်။
Michael Martin။ ။ဒီဥပဒေပြဌာန်းလိုက်တဲ့အတွက် ထူးထူးခြားခြားပြောင်းလဲမှုတွေမဖြစ်နိုင်ပါဘူး။ ဒါဟာ အပြုသဘောဆောင်တဲ့လုပ်ဆောင်မှုတခုဖြစ်ပါတယ်။ ဥပမာ လွှတ်တော်မှာ အစီရင်ခံ တင်ပြဖို့ပြဌာန်းတာ၊ ဒါတွေဟာ အထောက်အကူတော့ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်အထိ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သမတ ဘိုင်ဒင်အစိုးရအနေနဲ့သူတို့သဘောနဲ့သူတို့ဆုံး ဖြတ်လုပ်ဆောင်ရမှသာဖြစ်ပါတယ်။ ဒီပြဌာန်းချက်ထဲက ပုဒ်ကမခွဲ ၅၁၁၄ အရ လွှတ်တော်က မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အမေရိကန်အစိုးရမူဝါဒတွေမှာ လုပ်စေ့ ချင်တာတွေရှိရင်လည်း ပြဌာန်းပေးနိုင်ပေမယ့်၊ ဒါတွေကို သမတ ဘိုင်ဒင်အစိုးရအနေနဲ့ အတိအကျလိုက်နာလုပ်ဆောင်ရမယ်ဆိုတာမျိုးမဟုတ်ဘဲ non biding မလိုက်နာလည်း နေလို့ရတဲ့ ပြဌာန်းချက်တွေဘဲ ဖြစ်ပါတယ်။
ကိုဇော်မိုးကျော်။ ။ အဓိက စိုးရိမ်မိတဲ့အချက်ကတော့ သမတ ဘိုင်ဒင်အစိုးရထဲမှာ အခုအ ချိန်အထိ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့မူဝါဒတွေကို တာဝန်ခံပြီး ညှိုင်းဆောင်ရွက် ပေးမယ့်သူတဦးတယောက်ကို မူဝါဒညှိနိုင်းရေးမှုးအဖြစ် တိတိကျကျတာဝန် ပေးထားတာ မရှိသေးပါဘူး။ ဒီအချက်ကို ကျနော့်အနေနဲ့တော့ ပူပန်မိတယ်လို့ Micahel Martin ကပြောဆိုသွားပါတယ်။
##
Unicode
##