သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ကာကွယ်ရေးအသုံးစရိတ်ထဲ မြန်မာ့အရေးကူညီဖို့ထည့်သွင်း 


အမေရိကန်အမျိုးသားကာကွယ်ရေးအသုံးစရိတ်မူကြမ်းမှာတွေ့ရတဲ့ မြန်မာ့အရေးထည့်သွင်းချက်တခု
အမေရိကန်အမျိုးသားကာကွယ်ရေးအသုံးစရိတ်မူကြမ်းမှာတွေ့ရတဲ့ မြန်မာ့အရေးထည့်သွင်းချက်တခု

အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်တဲ့ အမျိုးသားကာကွယ်ရေး အသုံးစရိတ်ဥပဒေကြမ်းမှာ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေး PDF တပ်တွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားတဲ့အဖွဲ့တွေကို ကျွမ်းကျင်မှုပိုင်းနဲ့ လက်နက်မဟုတ်တဲ့ ကူညီထောက်ပံ့မှုတွေပေးရေး ထည့်သွင်းထားပါတယ်။ မြန်မာနိုင်ငံထဲက တိုင်းရင်းသားပြည်နယ်တွေနဲ့ တိုင်းရင်းသားတွေကြားမှာ ဖယ်ဒရယ်စနစ် ခိုင်မာစေရေး အထောက်အကူဖြစ်မယ့် အစီအစဉ်တွေပေးဖို့လည်း ပါဝင်ပါတယ်။ စစ်တပ်အာဏာသိမ်းမှုကို အပြစ်တင်ပြီး အရပ်သားအုပ်ချုပ်ရေးပြန်လည်ပေါ်ပေါက်စေအောင် ထုတ်ဖော်ပြောတဲ့ စစ်တပ်ဖွဲ့ဝင်ဟောင်းတွေကို ကူညီထောက်ပံ့ဖို့လည်း မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ အသုံးစရိတ်ထဲမှာ ထည့်ထားပါတယ်။ မြန်မာနိုင်ငံတဝန်း ရက်စက် ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို စုံစမ်းဖော်ထုတ် မှတ်တမ်းတင်တဲ့ လူထုအခြေပြုအဖွဲ့တွေနဲ့ အခြေခံလွတ်လပ်မှုအတွက် တောင်းဆိုလှုပ်ရှားလို့ မတရား ဖမ်းဆီးခံရသူတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေကို ထောက်ပံ့ကူညီသွားရေးကိုလည်း အသုံးစရိတ်ထဲမှာ ထည့်သွင်းထားပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးစားပေးဆောင်ရွက်နေတဲ့ အရပ်ဖက်အဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့တွေကိုကူညီဖို့ အစီအစဉ်တွေလည်း ထည့်သွင်းထားပါတယ်။ ဒီဇင်ဘာ ၇ ရက် ဗုဒ္ဓဟူးနေ့က အောက်လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ အမေရိကန်ကာကွယ်ရေး အသုံးစရိတ်ထဲမှာ ခုလို မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် သုံးစွဲမယ့် အသုံးစရိတ်တွေကို ထည့်သွင်းထားတာဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကို အထက်လွှတ်တော်မှာ အတည်ပြုဖို့လိုပါသေးတယ်။

တိုက်ရိုက် လင့်ခ်

=======================================

[Unicode]


XS
SM
MD
LG