သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်သာလန် Utrecht မြို့ ပစ်ခတ်မှု ၃ ဦးထက်မနည်း သေဆုံး


နယ်သာလန် Utrecht မြို့ ပစ်ခတ်မှု ဖြစ်ပွား
နယ်သာလန် Utrecht မြို့ ပစ်ခတ်မှု ဖြစ်ပွား

နယ်သာလန် နိုင်ငံ Utrecht မြို့မှာ လူနေရပ်ကွက်ဘက် ပြေးဆွဲတဲ့ ဓါတ်ရထား ၁ စီးပေါ်မှာ ပစ်ခတ်မှုကြောင့် အနည်းဆုံး ၃ ယောက်သေဆုံးပြီး တော်တော်များများ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အကြမ်းဖက်မှုတန်ပြန်ရေး ညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ တာဝန်ရှိသူကပြောပါတယ်။

တနေရာထက်မနည်းမှာ ပစ်ခတ်ပြီး ထွက်ပြေးသွားတဲ့ သေနတ်သမားကို လိုက်လံရှာနေကြပါတယ်။ အကြမ်းဖက်ဝါဒအခြေခံတဲ့ တိုက်ခိုက်မှုဖြစ်နိုင်တဲ့အနေနဲ့ သဘောထား စုံစမ်းနေတယ်လို့ ရဲကပြောပါတယ်။ အကြမ်းဖက်မှု တန်ပြန်ရေးဆိုင်ရာတာဝန်ရှိသူတွေလည်း အရေးပေါ် စည်းဝေးခဲ့ကြပါတယ်။ Netherlands မှာလုံခြုံရေးအဆင့်ကို အမြင့်ဆုံး အဆင့် ၅ ကိုမြှင့်ထားသလို၊ ကျောင်းတွေကိုလည်း တံခါးတွေ ပိတ်ထားကြဖို့ ညွှန်ကြားထားပါတယ်။

အခင်းဖြစ်ရာနေရာမှာ အရေးပေါ်တုံ့ပြန်ရေးတာဝန်ရှိသူတွေအပြင် အကြမ်းဖက်မှုတန်ပြန်ရေး ရဲအရာရှိတွေ ရောက်နေသလို၊ ပြစ်ခတ်မှုဖြစ်ခဲ့ရာနေရာ အနားတဝိုက်ကို အဝင်၊အထွက် မလုပ်နိုင်အောင် လုံခြုံရေးတွေတားဆီးထားပါတယ်။ အရေးပေါ်ကူညီကယ်ဆယ်သူတွေ သွားလာရလွယ်အောင် လူတွေကိုလည်း ဝေးဝေးနေကြဖို့ တာဝန်ရှိသူတွေ ပန်ကြားထားပါတယ်။ တိုက်ခိုက်မှုအပေါ် အင်မတန်စိုးရိမ်တယ်လို့ ဝန်ကြီးချုပ် Mark Rutte ကပြောကြားခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ Utrecht ဟာ Amsterdam မြို့ရဲ့တောင်ဖက် ၃၅ မိုင်အကွာလောက်မှာ တည်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG