မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းတာ ၃ နှစ်မြောက်နေ့မှာပဲ ထိုင်းရောက် မြန်မာနိုင်ငံသားတွေ စစ်ကောင်စီကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ဘန်ကောက်မြို့တော်မှာ သာမက မြန်မာနိုင်ငံနဲ့နယ်စပ် မဲဆောက်မြို့မှာပါ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့ကြတာပါ။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း ထိုင်းနိုင်ငံအခြေစိုက် သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံဘန်ကောက်မြို့က ကုလသမဂ္ဂရုံးရှေ့မှာတော့ ထိုင်းရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာသိမ်းတဲ့ ၃နှစ်ပြည့်နေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
"ရင်ဘတ်ချင်းတူတယ်ကျနော်တို့နိင်ငံမှာမတရားနှိပ်စက်ခံနေရတာကို ဒီနေ့မှာစစ်တပ်ကအာဏာသိမ်းတာ ၃နှစ်ပြည့်တဲ့နေ့ ကျနော်တို့ကမခံချင်ဖြစ်လို့ဆန္ဒထုတ်ဖော်နေခြင်းဖြစ်တယ်"
မြန်မာစစ်ကောင်စီကို အရေးယူရေး ကုလသမဂလုံခြုံရေးကောင်းစီကအရေးယူရေး ကုလသမဂ္ဂထံကို အိတ်ဖွင့်ပေးစာ ပေးအပ်ခဲ့ကြပြီး အခုလိုပြောသွားခဲ့ပါတယ်။
"ကုသမဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံသားတွေဘေးကင်းရေးကို ထောက်ခံအားပေးပြီးစစ်အစိုးရရဲ့ အပစ်ခတ်ရပ်စဲပြီးပြင်းထန်စွာရက်စက်မူ့ကိုဆန့်ကျင်တယ်ဆိုသော်လည်း မြန်မာနိုင်ငံသားများရဲ့အဆုံးမရှိတဲ့ဆင်းရဲဒုက္ခများကို အမှန်တကယ်ငြိမ်းသတ်ရန်မထိရောက်သေးပါ"
အလားတူပဲ ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာလည်း မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေကအဖြူရောင်ကမ်ပိန်း (အဖြူရောင်လှုပ်ရှားမူ) တွေလုပ်ပြီး စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှာ Unity Hope Foundation , 88 မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းအဖွဲ့, NDLA , Youth Empowerment, WLRC အဖွဲ့အစည်းများက ဆေးဘက်ဆိုင်ရာ ဆရာ၊ဆရာမများ နဲ့တက်ကြွလှုပ်ရှားသူတွေဟာတိတ်ဆိတ်ငြိမ်သက်တဲ့ အဖြူရောင်လှုပ်ရှားမှုတွေကိုလုပ်ခဲ့ကြသလို ကျန်းမာရေးအသိပညာပေးဟောပြောပွဲတွေကိုလည်း နယ်စပ်တလျောက်မှာလုပ်ဆောင်ခဲ့ပါတယ် ။
၈၈မျိုးဆက်လည်းဖြစ် ၂၀၂၁မှာ မိသားစုလိုက်ဖမ်းဆီးခံရသူလည်းဖြစ်တဲ့ ဒေါ်ရီရီဆွေက စစ်အာဏာသိမ်းတာ ၃နှစ်ပြည့်မှာအဖြူရောင်လှုပ်ရှားမူ့ကိုလုပ်ခဲ့ကြောင်း ၃နှစ်အတွင်းမှာ ဒီမိုကရေစီရေးလိုလားသူတွေဘက်ကလည်း အားသာမှုတွေရှိခဲ့ကြောင်း အခုလိုပြောပြပါတယ်
"အဖြူရောင်ကမ်ပိမ်းလုပ်တယ် တိတ်ဆိပ်ငြိမ်သက်တဲ့လှုပ်ရှားမူတွေဒီနေ့လုပ်တာပေါ့နော်ကျမတို့ ၃နှစ်တာကာလအတွင်းမှာတပ်မတော်သားတွေလက်နက်ချတာတွေလည်းရှိတယ်။ တော်လှန်ရေးအင်အားစုတွေကနေရာယူထားတာတွေလည်းရှိတယ်၊ တိုက်ပွဲတွေကလည်း မြန်မာတပြည်လုံးဖြစ်ပြီးတိုင်းရင်းသားလက်နက်ကိုင်တွေက နယ်မြေတွေစိုးမိုးလာနိုင်တာလည်းရှိတယ်"
ဘန်ကောက်ကလုပ်တဲ့ ဆန္ဒပြပွဲကိုထိုင်းရောက်မြန်မာတွေရာနဲ့ချီပါဝင်ခဲ့သလို နယ်စပ်တလျောက်မှာလည်း စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့လှုပ်ရှားမူတွေကို တက်ကြွလှုပ်ရှားသူတွေကစုပေါင်းလုပ်ဆောင်ကြပါတယ်။