သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

BIMSTEC ထိပ်သီးဆွေးနွေးပွဲ သမ္မတဦးဝင်းမြင့်တက်ရောက်


BIMSTEC ထိပ်သီးဆွေးနွေးပွဲ သမ္မတဦးဝင်းမြင့်တက်ရောက်(Myanmar President Office)
BIMSTEC ထိပ်သီးဆွေးနွေးပွဲ သမ္မတဦးဝင်းမြင့်တက်ရောက်(Myanmar President Office)

နီပေါလ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ နည်းပညာနှင့် စီးပွားရေး ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဘင်္ဂလား ပင်လယ်အော်အစီအစဉ်လို့ဆိုရမယ့် BIMSTEC ထိပ်သီးအစည်းအဝေးကို ခတ္တမန်ဒူမြို့တော်မှာ ကြာသပတေးနေ့ကစပြီး နှစ်ရက် ကြာ ကျင်းပနေပါတယ်။

အစည်းအဝေးအတွင်း စီးပွားရေးဆိုင်ရာ ပိုပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ ခေါင်းဆောင်တွေ ဆွေးနွေးဖို့ရှိသလို ဒေသတွင်း လျှပ်စစ် ဓာတ်အားလိုင်း ချိတ်ဆက်မှုဆိုင်ရာ သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးဖို့ရှိပါတယ်။ ဒီသဘောတူညီချက်အရဆိုရင် သက်ဆိုင်ရာနိုင်ငံတွေကြားမှာ စွမ်းအင် အရောင်းအဝယ်လုပ်ဖို့ လမ်းပွင့်သွားမှာပါ။

ဒါ့အပြင် ရာဇဝတ်ပြစ်မှုဆိုင်ရာ၊ လူမှောင်ခိုကူးမှုဆိုင်ရာနဲ့ အကြမ်းဖက်ဝါဒဆိုင်ရာတွေကိုလည်း ခေါင်းဆောင်တွေ ဆွေးနွေးကြ မယ်လို့ ခန့်မှန်းထားပါတယ်။

ဒီထိပ်သီးအစည်းအဝေးမှာ မြန်မာသမ္မတ ဦးဝင်းမြင့်နဲ့အတူ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Shiekh Hasina ၊ ဘူတန် ကြားဖြတ်အစိုးရ အဖွဲ့အကြီးအကဲ Lyonpo Tshering Wangchuk ၊ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ၊ သီရိလင်္ကာသမ္မတ Maithripala Sririsena ၊ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha နဲ့ အိမ်ရှင် နီပေါလ်ဝန်ကြီးချုပ် Khadga Prasad Oli တို့ တက်ရောက်နေပါ တယ်။

အစည်းအဝေးလာတက်တဲ့ တခြား ခြောက်နိုင်ငံက နိုင်ငံခေါင်းဆောင်တွေနဲ့ သမ္မတဦးဝင်းမြင့်တို့ တဦးချင်း သီးခြားစီ တွေ့ဆုံ ဆွေးနွေးတာမျိုးတွေ ရှိမလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG