(Zawgyi / Unicode)
တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကိုလာမယ့် ကမ္ဘာလှည့်ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးတာတွေကို ယာယီရပ်ဆိုင်းထားလိုက်တယ်လို့ မြန်မာအစိုးရက ကြေညာလိုက်ပါတယ်။
တရုတ်နိုင်ငံမှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကူးစက်ပြန့်ပွားမှုတွေ မဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ တရုတ်နိုင်ငံကနေ လာမယ့် ခရီးသွားတွေကို အခုလို ဆိုက်ရောက်ဗီဇာ (Visa on Arrivals) ထုတ်ပေးတာတွေကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက နေပြည်တော်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က ကြေညာလိုက်ပါတယ်။
တရုတ်နိုင်ငံမှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုဟာ စိုးရိမ်စရာ အခြေအနေကို ရောက်ရှိနေပြီး မြန်မာနိုင်ငံသားတွေကို အဲဒီ ကိုရိုနာဗိုင်းရပ်စ်ပိုး မကူးစက်အောင် ကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ အခုလို လုပ်ဆောင်လိုက်တာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သူတို့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ကျန်တဲ့ ၄ ယောက်ထဲက ၂ ယောက်ကတော့ ကိုယ်အပူချိန် မြင့်မားနေတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ခံဖို့အတွက် တရုတ်နိုင်ငံမှာ ဆက်လက်ကျန်ရှိနေပြီး တဦးကတော့ တရုတ်နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ မညီညွတ်တာကြောင့် လိုက်ပါနိုင်ခြင်း မရှိသလို နောက်တဦးကတော့ ပြည်နယ်ပြင်ပကို ရောက်နေတဲ့အတွက် လိုက်ပါနိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။
မြန်မာနိုင်ငံအတွင်းမှာတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သံသယရှိတဲ့ လူနာ ၅ ဦးကို တွေ့ရှိထားပြီး အဲဒီလူတွေကို စစ်ဆေးစောင့်ကြည့်နေကာ ဆေးရုံတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး စစ်ဆေးစောင့်ကြည့်တဲ့ စနစ်တွေ ထားရှိထားတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
---------------------------------
(Unicode)