သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နဲ့ မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ တရုတ်မှာတွေ့


၂၀၁၉ စက်တင်ဘာလအတွင်းက အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေကြတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်း မဟာမိတ်လေးဖွဲ့ဖြစ်တဲ့ KIO, MNTJP, PSLF, ULA ကိုယ်စားလှယ်များ။ (ဓာတ်ပုံ- NRPC, စက်တင်ဘာ ၁၈၊ ၂၀၁၉)
၂၀၁၉ စက်တင်ဘာလအတွင်းက အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေကြတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်း မဟာမိတ်လေးဖွဲ့ဖြစ်တဲ့ KIO, MNTJP, PSLF, ULA ကိုယ်စားလှယ်များ။ (ဓာတ်ပုံ- NRPC, စက်တင်ဘာ ၁၈၊ ၂၀၁၉)

(Zawgyi / Unicode)

မြန်မာ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် ၄ ဖွဲ့က ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမှာ ဒီဇင်ဘာလ ၁၅ ရက်နေ့ တနင်္ဂနွေနေ့က အလွတ်သဘော ဆွေးနွေးကြမယ်လို့ ကချင်လက်နက်ကိုင်တပ် ပြောခွင့်ရတဦးကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြကြပါတယ်။

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ကြား တရုတ်နိုင်ငံထဲ အလွတ်သဘော တွေ့ဆံုံဖို့ သွားရောက်နေပါတယ်လို့ မြန်မာအစိုးရ ငြိမ်းချမ်းရေး အကျိုးဆောင်တဦးက ဗွီအိုအေကို ပြောပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)၊ ရက္ခိုင့်တပ်တော် (ULA/AA)၊ ကိုးကန့်တပ်ဖြစ်တဲ့ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် တပ်ပေါင်းစု (MNDAA) နဲ့ တအာင်းပလောင်တပ် (PSLF/TNLA) တို့နဲ့ တွေ့ဆုံ ဆွေးနွေးကြမှာပါ။

ရခိုင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်သလို ရှမ်းပြည်မြောက်ပိုင်းမှာလည်း စစ်ရေးတင်းမာမှုက မပြီးပြတ်သေးချိန်မှာ အခုလို ဆွေးနွေးမှု ထွက်လာတာပါ။

နှစ်ဖက် ဆွေးနွေးပွဲနဲ့ ပတ်သက်လို့တော့ အတိအကျ သတင်းမထုတ်ပြန်ပါဘူး။

---------------------------------------

(Unicode)







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG