သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက် အန္တရာယ် ယူနီဆက်သတိပေး


မြေမြှပ်မိုင်းဒဏ်ကြောင့်မသန်စွမ်းဖြစ်ခဲ့ရသူတဦးရဲ့အသက် ၅ နှစ်အရွယ်သမီးငယ်။
မြေမြှပ်မိုင်းဒဏ်ကြောင့်မသန်စွမ်းဖြစ်ခဲ့ရသူတဦးရဲ့အသက် ၅ နှစ်အရွယ်သမီးငယ်။

မြန်မာနိုင်ငံမှာ မြေမြှပ်မိုင်းတွေ၊ မပေါက်ကွဲသေးတဲ့ စစ်လက်နက်တွေကြောင့် ထိခိုက်သေကျေမှုတွေ ကြုံနေရတဲ့အပေါ် ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့ (UNICEF) က သတိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ အသက် ၇ နှစ်အရွယ် ယောက်ျားလေး ၂ ဦး ဗုံးသီးတွေကို ဆော့ကစားရင်း မတော်တဆ ပေါက်ကွဲပြီး သေဆုံးမှုဖြစ်ခဲ့တဲ့ သတင်းထွက်ပေါ်ခဲ့ပြီးနောက် သောကြာနေ့မှာ UNICEF က ကြေညာချက်ထုတ်ပြန် သတိပေးလိုက်တာပါ။
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းတွေ၊ မပေါက်ကွဲသေးတဲ့ စစ်လက်နက်တွေကြောင့် ထိခိုက်သေကျေရသူ ၃ ပုံ ၁ ပုံကျော်ဟာ ကလေးငယ်တွေဖြစ်တယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလထဲ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြေမြှပ်မှိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ကလေး ၁၁၅ ဦးထက်မနည်းသေဆုံး ဒဏ်ရာရခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်း သေဆုံးဒဏ်ရာရတဲ့ ကလေးငယ် ၄၇ ဦးထိရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပဋိပက္ခတွေပေါ်ပေါက်တဲ့အချိန်အတွင်း မြေမြှပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ အပါအဝင် ထိခိုက်မှုအများအဆုံးနဲ့ ကြုံတွေ့ရတာလည်း ကလေးငယ်တွေဖြစ်တယ်လို့လည်း ပြောထားပါတယ်။
ခန္တာကိုယ်အရွယ်အစားသေးငယ်ကလေးတွေဟာ ပေါက်ကွဲမှုဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားရပြီး အသက်သေဆုံးတာ၊ ကိုယ်လက်အင်္ဂါချို့တဲ့တာတွေ ဖြစ်နိုင်ခြေပိုများတယ်လို့လည်း UNICEF ကပြောပါတယ်။ ကလေးငယ်တွေအပါအဝင် ထိခိုက်သေကျေမှုတွေ ကြုံနေရတဲ့အခြေအနေကို ရှောင်ရှားနိုင်အောင် သက်ဆိုင်သူတွေ အားလုံးက မြေမြှပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကို ရှင်းလင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode



XS
SM
MD
LG