AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ဆက်စပ်မှုရှိတယ်ဆိုတဲ့ သံသယတွေနဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ကျောက်တန်းရွာကို အစိုးရစစ်တပ်ကပိတ်ဆို့ထားတာ အချိန်တပတ်လောက်ရှိလာနေပြီး ရွာသူရွာသားတွေ အစားအစာ ပြတ် လပ်နေတဲ့အကြောင်း AFP သတင်းမှာ မနေ့ကဖေါ်ပြထားပါတယ်။
အဲဒီရွာက ရွာသားတွေ ၂၀၀ကျော်ဟာလည်း ဖမ်းဆီး စစ်ဆေးတာတွေခံနေရတဲ့အပြင် အစိုးရတပ်ရဲ့ပစ်ခတ်မှုကြောင့် ရွာသား၆ဦး သေဆုံးခဲ့ရပါတယ်။ AA တပ်ဖွဲ့တွေကိုတိုက် ခိုက်ဖို့ ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာအစိုးရတပ်က တပ်ဖွဲ့ဝင်အင်အားထောင်နဲ့ချီချထားပြီး လက်နက်ကြီး တွေကိုသုံး ပြီးတိုက်ခိုက်နေတာပါ။ နှစ်ဘက်တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်းဟာ ပြီးခဲ့တဲ့နှစ်ကုန်ဒီဇင်ဘာလ ကစတွက်ရင် သုံးသောင်းကျော် ရှိနေပါပြီ။
ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက ကျောက်တန်းရွာကို အစိုးရတပ်ကဝင် ရောက်စီးနင်းပြီး ရွာသား၂၇၅ဦးကို AAတပ်ဖွဲ့နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခဲ့ပါတယ်။ အစိုးရစစ်တပ်ပြောခွင့် ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ရွာသူရွာသားတွေအပြင်ထွက် ခွင့်မရဘူးဆိုတာ မဟုတ်ဘူးလို့ ငြင်းထားပါတယ်။
လွတ်လွတ်လပ် လပ်သွားလာလို့ရတယ်လို့ဆိုပါတယ်။ ဒါပေမယ့် အပြင်ကလာတဲ့ သူတွေရွာထဲကို ဝင်ခွင့်မရတာတော့ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း ပိတ်ဆို့ခံနေရတဲ့ ကျောက်တန်း ကျေးရွာကိုပြီးခဲ့တဲ့ အပတ်ကသွားဖို့ကြိုးစားခဲ့ပေမဲ့ မြန်မာစစ်တပ်က ဝင်ခွင့် မပေးခဲ့ပါဘူး။ ဒါပေမယ့်ဒီကနေ့ထပ်ပြီးသွား ဖို့စီစဉ်ထားပါတယ်။
အပိတ်ဆို့ခံ ကျောက်တန်းရွာ သူရွာသားတွေအတွက် သိပ်ပြီးစိုးရိမ်နေတယ်လို့လည်း ဦးတင်မောင် ဝင်းကဆိုပါတယ်။ ဖမ်းဆီးထားတဲ့ရွာသားတွေထဲက ၄၈ ဦး ကိုပြန်လွှတ်ပေးခဲ့တယ်လို့ မြန်မာစစ်တပ်က မနေ့ကပဲ အတည်ပြုပါတယ်။ ရွာသား ၈၀လောက်ကတော့ကျောက်တန်းရွာက စာသင်ကျောင်းထဲမှာ ဖမ်းဆီးစစ်ဆေးခံနေရတုန်းပါ။ လွတ်မြောက်လာ သူတွေထဲက တဦး AFP ကို ပြောတာကတော့ သူတို့တခြားရွာကို သွားရင် ဖြစ်လာမယ့်ကိစ္စတွေက ကောင်းမှာ မဟုတ်ဘူး လို့ မြန်မာစစ်တပ်ကခြိမ်းခြောက်ထားတယ်လို့ဆိုပါတယ်။ သေဆုံး သွားသူ တွေရဲ့မိသားစုဝင်တွေ ကလည်း အစိုးရစစ် တပ်ရဲ့လုပ်ရပ်အပေါ် ခွင့်မလွှတ်နိုင်ဘူးလို့ပြောနေကြတယ်လို့ AFP သတင်းမှာဖေါ်ပြထားပါတယ်။