ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို ဘာ့ကြောင့် လက်မခံနိုင်တာလဲ ဆိုတာ ဒုက္ခသည်တွေကို ရှင်းပြခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ပြောပါတယ်။
“ဥပဒေကြောင်း အချက်အလက်တွေ၊ သမိုင်းကြောင်း အချက်အလက်တွေကို အခြေခံပြီး ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို ကျနော်တို့ လက်မခံနိုင်တဲ့ အကြောင်းရင်းကို သူတို့ကိုရှင်းပြပါတယ်။ ဒါပေမယ့် သူတို့ လူမှုအဝန်းအဝိုင်း တည်ရှိမှုကို ကျနော်တို့ မငြင်းပါဘူး” လို့ ဦးချမ်းအေးက ပြောပါတယ်။
ဦးချမ်းအေး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ဟာ ဒီဇင်ဘာလ ၁၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသက ကူတူပါလောင် ဒုက္ခသည်စခန်းကို သွားပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံဆွေးနွေးတာပါ။
အိုးအိမ်စွန့် ထွက်ပြေးလာသူတွေကို နေရပ်ရင်းပြန်ရေး လုပ်ငန်းစဉ် အဆင့်ဆင့်နဲ့ လုပ်ဆောင်ချက်တွေကို ရှင်းပြခဲ့တယ်လို့ ဦးချမ်းအေးက ပြောပါတယ်။ ဒါ့အပြင် နိုင်ငံသားဖြစ်မှုဆိုင်ရာ၊ NVC ကဒ်နဲ့ပတ်သက်တာ၊ လုံခြုံရေးဆိုင်ရာ ယာယီ အစီအစဉ် တွေကိုလည်း ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။
ဒီအကြောင်းရာတွေကို ဆွေးနွေးတယ်ဆိုတာ စခန်းတွင်းက ဒုက္ခသည်တဦးကလည်း ပြောပေမယ့် ဆွေးနွေးတာတွေ အောင်မြင်မှု မရဘဲ ဘာသဘောတူညီချက်မှ မရခဲ့ဘူးလို့ပြောပါတယ်။
ဒီကနေ့ ထပ်တွေ့တဲ့အခါမှာ သဘောတူညီချက်တချို့ ရမယ်လို့ မျှော်လင့်ပေမယ့် သိပ်တော့ မသေချာလှဘူးလို့ ဒုက္ခသည်တဦး ဖြစ်သူ Sayedullah က ပြောပါတယ်။
(Unicode)
ဒီကနေ့ ထပျတှေ့တဲ့အခါမှာ သဘောတူညီခကြျတခြို့ ရမယျလို့ မြှောျလင့ျပမေယ့ျ သိပျတော့ မသခြောလှဘူးလို့ ဒုက်ခသညျတဦး ဖွဈသူ Sayedullah က ပွောပါတယျ။