သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရေလုပ်သား ရာနဲ့ချီ ကပ္ပလီပင်လယ်ပြင်မှာ ပျောက်ဆုံးဆဲ


မြန်မာရေလုပ်သား ရာနဲ့ချီ ကပ္ပလီပင်လယ်ပြင်မှာ ပျောက်ဆုံးဆဲ
မြန်မာရေလုပ်သား ရာနဲ့ချီ ကပ္ပလီပင်လယ်ပြင်မှာ ပျောက်ဆုံးဆဲ

မတ်လ အလယ်ပိုင်းလောက်က မိုးဦးမတိုင်ခင် ပြင်းထန်တဲ့မုန်တိုင်း မြန်မာကမ်းရိုးတန်းမှာ ဖြစ်ပေါ်ခဲ့ပြီးနောက် ကပ္ပလီပင်လယ်ထဲမှာ ငါးဖမ်းလုပ်သား ၆၀၀ ကျော် ပျောက်ဆုံးနေဆဲ ရှိတယ်လို့ မြန်မာပြည်ထဲကလာတဲ့ သတင်းတွေအရ သိရပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ဆက်တိုက်ဆိုသလို မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ရေကြီး မြေပြိုပြီး လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။

မုန်တိုင်းကြောင့် ပျောက်ဆုံးနေတဲ့ ငါးဖမ်းလုပ်သားတွေဟာ ပင်လယ်ထဲမှာပဲ သေဆုံးကုန်ပြီလား ဒါမှမဟုတ် ကုန်းမြေတခုခုပေါ်မှာ အသက်ရှင် ရောက်နေကြလား ဆိုတာကိုတော့ အာဏာပိုင်တွေ အနေနဲ့ မသိနိုင်သေးဘူးလို့ အမည်မဖော်လိုတဲ့ မြန်မာအရာရှိတဦးကို ကိုးကားပြီး ပြင်သစ် သတင်းအေဂျင်စီမှာ ရေးသားပါတယ်။

မတ်လတုန်းက မုန်တိုင်းတွေဟာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ အချို့ကို တနာရီကို ကီလိုမီတာ ၁၀၀ နှုန်းကျော် တိုက်ခိုက်ခဲ့ပြီး ငါးဖမ်းလှေတွေနဲ့ ငါးဖမ်းမော်တော်တွေ ထိခိုက် တိမ်းမှောက်ခဲ့ပါတယ်။ မုန်တိုင်းပြီးတဲ့ နောက်တော့ ပျောက်ဆုံးနေတဲ့ ငါးဖမ်းလုပ်သား ၆,၀၀၀ ကျော်ကို အသက်ရှင် ပြန်လည် တွေ့ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံထဲမှာတော့ မုတ်သုန်မိုး ဆက်တိုက် ရွာသွန်းတာကြောင့် ရေတွေကြီး မြေတွေပြိုပြီး လူပေါင်း အနည်းဆုံး ၄၅ ဦး သေဆုံးခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာကိုပဲ ထိုင်းနိုင်ငံရှိ ခရိုင် ၇၇ ခုမှာ ၁၀ ခုကျော် ရေလွှမ်းမိုးခံရပြီး လူပေါင်း ၁,၀၀၀,၀၀၀ ဝန်းကျင်လောက် ရေဘေးဒုက္ခ ရောက်ခဲ့ရပါတယ်။

ဘေးဒုက္ခကျရောက်တဲ့ နယ်မြေတွေမှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နိုင်ဖို့ စစ်ဘက်သင်္ဘောတွေ၊ ရဟတ်ယာဉ်တွေကို အသုံးပြုခဲ့ရပါတယ်။ ရေလွှမ်းမိုးခံရတဲ့ ဒေသက လူပေါင်း ထောင်နဲ့ချီကို ကယ်ဆယ်ခဲ့ရပါတယ်။

XS
SM
MD
LG