သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိတ်ကြွဆေးထုတ်မှု နှိမ်နင်းဖို့ မြန်မာကို ထိုင်းအကြောင်းကြားထား


၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံတွင် ဖမ်းမိသည့် စိတ်ကြွဆေးထုတ်များ။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံတွင် ဖမ်းမိသည့် စိတ်ကြွဆေးထုတ်များ။

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ဒေသ၊ မဲ့အိုင်းခရိုင်၊ ဘန်အာကျေးရွာအုပ်စုအနီးမှာ ထိုင်း နယ်ခြားကင်းလှည့်တပ်နဲ့ မူးယစ်ကုန်ကူး သူတွေအကြား တနင်္ဂနွေနေ့က တိုက်ပွဲဖြစ်ပါတယ်။ ဒါ့အပြင် ပထုံဌာနီခရိုင်မှာ ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ ၂၇ သန်းခွဲ ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၂ သန်း ၂ သိန်းကို ဖမ်းမိတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ထိုင်း-မြန်မာ နယ်စပ်တလျှောက် စိတ်ကြွဆွေး သန်းနဲ့ချီပြီး နေ့စဉ်ထုတ်လုပ်နေတာကို နှိမ်နင်းပေးဖို့ ထိုင်းတာဝန်ရှိသူတွေက မြန်မာဘက်ကို အကြောင်းကြားထားတယ်လို့လည်း ဆိုပါတယ်။ ထိုင်းအခြေစိုက် voa သတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ဆက်တိုက်ဆိုသလို မူးယစ်ဆေးဝါးဖမ်းဆီးမိနေပြီး မူးယစ်ဆေးဝါးသယ်ဆောင်လာသူတွေနဲ့ ထိုင်းအာဏာပိုင်တွေဟာ မကြာခနဆိုသလို တိုက်ပွဲတွေဖြစ်နေတာပါ။ ဧပြီလ ၈ရက်နေ့မှာလည်း ထိုင်းနိုင်ငံမြောက်ပိုင်း မဲ့အိုင်းဆိုတဲ့နေရာမှာ ၁၅မိနစ်ကြာလောက် တိုက်ပွဲခဲ့တာပါ။ ဒါ့အပြင် ပထုံဌာနီခရိုင်တွင်းက ထိုင်းနိုင်ငံသား၂ဦးထံကနေ စိတ်ကြွဆေး ၂သန်း၂သိန်းဖမ်းမိကြောင်း ထိုင်းရဲအာဏပိုင်တွေကတော့ ဧပြီလ ၈ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာပါ။ ဒီနောက်မှာတော့ မြန်မာနိုင်ငံဘက်ခြမ်းကနေ ထုတ်လုပ်နေတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်လို့ တားဆီးပေးဖို့မြန်မာအာဏာပိုင်တွေကိုပြောထားတယ်လို့ အခုလိုပြောသွားပါတယ်။

သူပြောသွားတာကတော့ နယ်ခြားတလျောက်က ၁၁နေရာမှာ မူးယစ်ဆေးဝါးစက်ရုံတွေက နေစဉ် စိတ်ကြွဆေးတွေ သန်းနဲ့ချီ ထုတ်လုပ်နေတဲ့ အကြောင်းနဲ့ ပတ်သက်လို့ မြန်မာအာဏာပိုင်တွေအနေနဲ့ လည်း တားဆီးပေးဖို့ တရားဝင်အကြောင်းကြားထားကြောင်း မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲမှူးကြီးစုံမိုင် ကောင်ဝိဆိုင်စို့က ထုတ်ဖော်ပြောကြားခဲ့တာပါ။

ထိုင်းနိုင်ငံ မဲ့အိုင်ခရိုင်ဟာ မြန်မာနိုင်ငံနဲ့နယ်စပ်ချင်းထိစပ်နေတာဖြစ်ပြီး မူးယစ်ဆေးဝါးတွေကိုအဓိကသယ်ဆောင်နေတဲ့ လမ်းကြောင်းဖြစ်တဲ့အကြောင်းနဲ့ တောတောင်တွေ ထဲက ခိုးလမ်းတွေကို အသုံးပြုပြီး ထိုင်းရွာတွေအထိရောက်အောင် ပို့နေကြတယ်လို့ထိုင်းနိုင်ငံဘက်ကဆိုပါတယ်။

ထိုင်း-မြန်မာ-လာအို သုံးနိုင်ငံ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ရွှေတြိဂံ ဒေသကနေ ထိုင်းနိုင်ငံ-ချင်းရိုင်ဒေသ ဘက်ကိုလာတဲ့ ကားတစီးပေါ်မှာ အမေရိကန်ဒေါ်လာ ၅၅သန်း ကျော်တန်ဖိုးရှိတဲ့စိတ်ကြွဆေးပေါင်း ၉သန်း ၄သိန်းကျော်ကို ဧပြီလ ၃ရက်နေ့ကပဲ ဖမ်းဆီးမိခဲ့တာပါ

ထိုင်း နဲ့ ရှမ်းပြည်နယ်စပ်ဘက်မှာတော့ မကြာခနဆိုသလို မူးယစ်ဆေးဝါး ကုန်ကူးသူတွေနဲ့ ထိုင်းစစ်တပ်တို့ တိုက်ပွဲတွေရှိနေတာပါ။ ဒီလို တိုက်ပွဲတွေဖြစ်ပြီး ထိုင်းမူးယစ်ဆေးဝါးတွေ သန်းနဲ့ချီပြီး ဖမ်းဆီးမိနေတာ တွေရှိတဲ့အတွက် မကြာခနဆိုသလို ထိုင်းဘက်ကတော့ မြန်မာဘက်က ဝတပ်ဖွဲ့ အပါအဝင်ပြည်သူစစ်တွေကိုစွပ်စွဲလေ့ရှိတာပါ။ ထိုင်းမြန်မာ နယ်စပ်ကော်မတီဆွေးနွေးပွဲတွေမှာလည်း ထိုင်းနယ်စပ်မှာရှိတဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ဝတပ်စခန်းတွေကို ဆုတ်ခွါ ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ရှမ်းသတင်းစဉ်ရဲ့အယ်ဒီတာဦးစိုင်းမိန်းကလည်းပြောပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG