မြန်မာနိုင်ငံမှာ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဗဟိုဘဏ်ဥပဒေသစ်ကြောင့် ဗဟိုဘဏ်ဟာ ဘဏ္ဍာရေး ဝန်ကြီးဋ္ဌာနလက်အောက်မှာ မဟုတ်ဘဲ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတခု ဖြစ်လာတော့မှာဖြစ်ပါတယ်။ ဒီလိုဖြစ်လာမယ့်အပေါ်မှာ ပုဂ္ဂလိက ဘဏ်လုပ်ငန်းတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက ကြိုဆိုနေကြပါတယ်။ တချိန်တည်းမှာပဲ ပုံစံအသစ် ဖြစ်လာတော့မယ့် ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌနဲ့ အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ဘယ်လောက်ထိ စွမ်းဆောင်နိုင်မလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်တယ်လို့ မြန်မာရှေ့ဆောင် ဘဏ်ဥက္ကဋ္ဌက ပြောပါတယ်။ ပုဂ္ဂလိကဘဏ်တွေရဲ့ အခန်းကဏ္ဍဟာ ဒီ ဗဟိုဘဏ်ဥက္ကဋ္ဌ အပြောင်းအလဲမှာ အများကြီး အကျိုးသက်ရောက်မှု ရှိလာနိုင်တယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။
စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေနဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေလုပ်လာတဲ့ မြန်မာနိုင်ငံမှာ ဗဟိုဘဏ်ဟာ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာတော့မယ့် ဘဏ်လုပ်ငန်းဥပဒေကို ပြဋ္ဌာန်းလိုက်ပြီလို့ ဗဟိုဘဏ်တာဝန်ရှိသူ တယောက်က ပြောပါတယ်။ ဒီလို ပြဌာန်းနိုင်တဲ့အပေါ်မှာ ကြိုဆိုပေမယ့် သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းအနေနဲ့ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒတွေ ဘယ်လို ချမှတ် ဆောင်ရွက်သွားမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်တယ်လို့ ပြည်တွင်း ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းက ပြောပါတယ်။
မြန်မာရှေ့ဆောင်ဘဏ်ရဲ့ ဥက္ကဋ္ဌ ဦးချစ်ခိုင်ကတော့ သီးခြားရပ်တည်မှုနဲ့သွားတော့မယ့် ဗဟိုဘဏ် အခန်းကဏ္ဍနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။
“နိုင်ငံတကာအနေအထားအနေနဲ့ကတော့ ဗဟိုဘဏ်ဟာ သီးခြားအဖွဲ့အစည်း ရှိဖို့ လိုအပ်တာပေါ့နော်။ အဲဲဒီလိုရှိဖို့အတွက် နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ဖြစ်လာတာ ကောင်းတဲ့လက္ခဏာလို့ပဲ ပြောရမှာပါ။”
ဗဟိုဘဏ်ဟာ သီးခြားလွတ်လပ်စွာ ရည်တည်နိုင်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၂၀၁၂ ခုနှစ် အတွင်းမှာ ဗဟိုဘဏ် ဥပဒေ မူကြမ်းသစ်တစ်ရပ် ရေးဆွဲခဲ့ပြီး လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပြီး တစ်နှစ်နီးပါးအကြာမှာ ခုလို ဥပဒေ ပြဋ္ဌာန်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေမှာ ထူးခြားတာက ဗဟိုဘဏ်ဟာ သီးခြား ရပ်တည်တော့မှာဖြစ်တဲ့အတွက် ဘဏ္ဍရေးဝန်ကြီးဌာန လက်အောက်မှာ ရှိနေတော့မှာ မဟုတ်ဘူးလို့ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေကြေဌာန အကြီးအကဲ ဒေါ် နော်အဲဖော် က ပြောပါတယ်။
“အခုဆိုလို့ရှိရင် အန်တီတို့က ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက် မဟုတ်တော့ဘဲနဲ့ သီးခြားရပ်တည်မယ်။”
အရင်ခေတ်အဆက်ဆက်က ဘဏ္ဍာ/အခွန်အောက်မှာရှိခဲ့တဲ့ ဒီ ဗဟိုဘဏ်ဟာ သီးခြားရပ်တည်မှာ ဖြစ်တဲ့အတွက် ငွေကြေးဆိုင်ရာမူဝါဒတွေ လွတ်လွတ်လပ်လပ် ရေးဆွဲသွားနိုင်ဖို့ ရှိတယ်လို့လည်း စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက ပြောပါတယ်။
“သီးခြားလွတ်လပ်တယ်ဆိုတာက တကယ်ကိုပေါ့နော်- နိုင်ငံတော် သမ္မတကပဲဖြစ်ဖြစ်၊ ဝန်ကြီးပဲဖြစ်ဖြစ်၊ အရင်ကဆို ဘဏ္ဍာ/အခွန်ပေါ့- ဘဏ္ဍာရေးဝန်ကြီးဌာနအောက်မှာ ရှိခဲ့တာကိုး၊ ဗဟိုဘဏ်ဆိုတာလေ။ ဗဟိုဘဏ်ဟာ ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ကနေ ခွဲထွက်ပြီးတော့ ဗဟိုဘဏ်ဆိုပြီး သီးသန့်ဘဏ်တစ်ခုဖြစ်သွားတယ်ဆိုရင် ဘဏ္ဍာ/အခွန် ဝန်ကြီးဌာနရဲ့ သြဇာလွှမ်းမိုးမှုလည်းမရှိဘူး၊ နောက်ပြီးတော့ နိုင်ငံတော် သမ္မတအဆင့်အထိလည်း ဗဟိုဘဏ်နဲ့က တိုက်ရိုက်ကြီးသက်ရောက်မှု မရှိဘူး၊ military policy ကို - နောက်ပိုင်းမှာတော့ စစ်တပ်မူဝါဒတစ်ခုတည်းနဲ့တော့လည်း မဟုတ်ဘူးပေါ့ဗျာ။ စီးပွားရေးတည်ငြိမ်မှုပေါ့။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပေါ့။ Military Policy အနေနဲ့ အများကြီး ဖွံ့ဖြိုးတိုးတက်မှု ပေးနိုင်တယ်။”
ဗဟိုဘဏ် ဥပဒေမှာ ငွေကြေးမူဝါဒနဲ့ ငွေကြေးတည်ငြိမ်ရေးဆိုင်ရာ မူဝါဒတွေကိုပါ ဒီဥပဒေမှာ ပါရှိသင့်တယ်လို့လည်း ပထမပုဂ္ဂလိကဘဏ် ဥက္ကဋ္ဌဒေါက်တာစိန်မောင်က ပြည်သူ့လွှတ်တော် ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့ ပုဂ္ဂလိကဘဏ်များက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။
အဲဒီလိုတွေ့ဆုံချိန်မှာ သူက အချက် (၃) ချက်ကို အဓိကထားပြီး ထောက်ပြသွားတာကို တွေ့ ရပါတယ်။ ငွေကြေး မူဝါဒနဲ့ ငွေရေးကြေးရေး တည်ငြိမ်ရေးဆိုင်ရာ မူဝါဒတွေချမှတ်တဲ့ အခါမှာ
(၁) ဈေးကွက်ကို အခြေခံပြီး အတိုးနှုန်းသတ်မှတ်ဖို့၊
(၂) ပြည်တွင်းသုံးငွေတွေ အလွန်အကျွံ ရိုက်မထုတ်ဖို့နဲ့
(၃) လိုအပ်လာရင် ငွေစုလက်မှတ်တွေကို ပေါင်တာတင်မကဘဲ ထုတ်ရောင်းနိုင်ဖို့ ခွင့်ပြုတာတွေလုပ်ပေးဖို့ စတာတွေကို ဆွေးနွေးသွားပါတယ်။
၂၀၁၂ နှစ်ဆန်းပိုင်းကစလို့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့တို့ရဲ့ အကူအညီနဲ့ ဗဟိုဘဏ်က ရေးဆွဲခဲ့တဲ့ ဗဟိုဘဏ် ဥပဒေကြမ်းဟာ နိုဝင်ဘာမှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ် ခင်ဗျား။