သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတလွှား မွတ်ဆလင်တွေ အိဒ်ပွဲတော်ဆင်နွဲ


ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမြို့တော်မှာ ဥပုသ်ရာသီဝတ်ပြုဆုတောင်းနေကြတဲ့ အစ္စလာမ်ဘာသာဝင်များ (ဧပြီ ၂၀၊ ၂၀၂၃)
ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမြို့တော်မှာ ဥပုသ်ရာသီဝတ်ပြုဆုတောင်းနေကြတဲ့ အစ္စလာမ်ဘာသာဝင်များ (ဧပြီ ၂၀၊ ၂၀၂၃)

အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်မန်ဒန် ဥပုသ်လရာသီကုန်ဆုံးတဲ့ အထိမ်းအမှတ် Eid al-Fitr ခေါ် အိဒ်ပွဲတော်တွေ ကမ္ဘာ့နိုင်ငံ နေရာတချို့က မွတ်ဆလင်တွေ မနေ့က ကြာသာပတေးနေ့ ညနေကတည်းက စတင်ကျင်းပကြပါတယ်။

ဆူဒန်နိုင်ငံက တိုက်ပွဲတွေ၊ ယီမင်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူတွေ အစုလိုက် ပိမိပြီး သေဆုံးခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် စိတ်မကောင်းစရာ အဖြစ်အပျက်တွေလည်း အိဒ်ပွဲတော် ကျင်းပနေတဲ့ကာလမှာ ပေါ်ပေါက်ခဲ့ပါတယ်။ ကမ္ဘာ့တချို့ နေရာတွေက မွတ်ဆလင်နိုင်ငံတွေမှာတော့ ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေနဲ့ ပဋိပက္ခတွေအကြား စေ့စပ်ညှိနှိုင်းဖို့ ကြိုးစားတဲ့ လုပ်ရပ်တွေလည်း ရှိပါတယ်။ နှစ်ပေါင်းများစွာ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ အီရန်နဲ့ ဆော်ဒီအာရေးဗီးယားအကြား ပြီးခဲ့တဲ့လကပဲ သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ သဘောတူခဲ့သလို ယီမင်မှာ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ဟွန်တီသူပုန်တွေနဲ့ အစိုးရတပ်တွေအကြား မကြာသေးခင်ကပဲ Sanaa မြို့တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဂါဇာမြို့တော်မှာ ဥပုသ်ရာသီဝတ်ပြုဆုတောင်းနေကြတဲ့ အစ္စလာမ်ဘာသာဝင်များ (ဧပြီ ၂၁၊ ၂၀၂၃)
ဂါဇာမြို့တော်မှာ ဥပုသ်ရာသီဝတ်ပြုဆုတောင်းနေကြတဲ့ အစ္စလာမ်ဘာသာဝင်များ (ဧပြီ ၂၁၊ ၂၀၂၃)

ရာမန်ဒန် ကာလအတွင်း ကမ္ဘာတဝှမ်း အစ္စလာမ်ဘာသာဝင်တွေ မိုးလင်းကနေ ညနေအထိ အစာမစားဘဲ ဥပုသ်သီလ စောင့်ကြ ဝတ်ပြုဆုတောင်းကြပါတယ်။ ပြက္ခဒိန်အရ သတ်မှတ်တာရှိသလို လကိုမြင်ရတဲ့အချိန်ကစပြီး သတ်မှတ်တာကြောင့်လည်း တနိုင်ငံနဲ့ တနိုင်ငံ ဥပုဒ်လရာသီ စတင်ချိန်၊ ပြီးဆုံးချိန်တွေ ကွာခြားပါတယ်။ အစိုးရနဲ့ ဘာသာရေးအဖွဲ့တွေအကြား ဥပုသ်ရာသီ ကုန်ဆုံးချိန်သတ်မှတ်တာမှာ သဘောကွဲလွဲမှုတွေလည်း ရှိနေပါတယ်။ နိုင်ငံအားလုံးမှာတော့ Eid al-Fitr အိဒ်ပွဲတော်ကာလ ဝတ်ပြုဆုတောင်းတာတွေနဲ့ လှူဒါန်းပွဲတွေ ကျင်းပလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG