သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ်မြို့အဝင် တိုးဂိတ် ဗုံးခွဲ တိုက်ခိုက်ခံရ


မူဆယ်မြို့အဝင် တိုးဂိတ် ဗုံးခွဲ တိုက်ခိုက်ခံရ (MOI)
မူဆယ်မြို့အဝင် တိုးဂိတ် ဗုံးခွဲ တိုက်ခိုက်ခံရ (MOI)

(Zawgyi/Unicode)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အဝင် Oriental Highway (OHC) တိုးဂိတ်ကို တနင်္လာနေ့ ည(၈)နာရီခွဲ အချိန်လောက်မှာ အမည်မသိ ဆိုင်ကယ်စီးသူ နှစ်ဦးက ဗုံးလို့ ယူဆရတဲ့ အရာနဲ့ လာရောက်ပစ်ခတ် သွားတာကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ အစိုးရ ပြန်ကြားရေး သတင်းမှာ ဖေါ်ပြပါတယ်။

ဒီ ပေါက်ကွဲမှုကြောင့် (OHC) တိုးဂိတ်ငွေကောက်ကောင်တာ တာဝန်ကျ ကိုမျိုးထက်နိုင် ဒဏ်ရာအနည်းငယ်ရသ ွားပြီး၊ တိုးဂိတ် ကောင်တာ (၃)ခု အမိုးလန် မှန်ကွဲ သွားတယ်လို့ ဆိုပါတယ်။

(OHC) တိုးဂိတ်ကို ဗုံးနဲ့လာပစ်သူနှစ်ဦးက တော့ မူဆယ် မြို့ရှောင်လမ်းအတိုင်း ဆိုင်ကယ်နဲ့ မောင်းပြေး တိမ်းရှောင်သ ွားပြီး ခုချိန်ထိ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)




မူဆည်မြို့အဝင် တိုးဂိတ် ဗုံးခွဲတိုက်ခိုက်ခံရ (ဓါတ်ပုံ-MOI)
မူဆည်မြို့အဝင် တိုးဂိတ် ဗုံးခွဲတိုက်ခိုက်ခံရ (ဓါတ်ပုံ-MOI)

XS
SM
MD
LG