ပုဒ်မ ၅၀၅ (ခ) ဆူပူအောင် လှုံ့ဆော်မှုနဲ့ တရားစွဲခံထားရတဲ့ မကွေးကျောင်းဆရာတော် ဦးပါမောက္ခကို တနှစ် ကျော်အကြာ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ လူဝတ်လဲပြီးတော့ ဖမ်းဆီးလိုက်ပါတယ်။ ၂၀၁၆ ခုနှစ် ဧပြီလက ရန်ကုန်မြို့၊ အမေရိကန်သံရုံးရှေ့မှာ ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် ဦးပါမောက္ခနဲ့ တခြားလူပုဂ္ဂိုလ်တွေကို တရားစွဲထားတာပါ။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။။
အမေရိကန်သံရုံးရဲ့ထုတ်ပြန်ချက်တစ်စောင်မှာ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်း ပါဝင်နေတာနဲ့ ပတ်သက်ပြီး ၂၀၁၆ ခုနှစ် ဧပြီလ ၂၈ရက်နေ့က ခွင့်ပြုချက်မရယူဘဲ အမေရိကန်သံရံုံးရှေ့ ဆန္ဒထုတ်ဖော်ခဲ့သောကြောင့် ၅၀၅(ခ ) ဆူပူအောင် လှုံ့ဆော်မှုနဲ့ တရားစွဲဆိုခံရထားရတဲ့ ဆရာတော်ဦးပါမောက္ခကိုနိုဝင်ဘာလ ၁၂ရက်နေ့မှာ သူရဲကျောင်းတိုက်က အထွက်မှာ ဖမ်းဆီးပြီး လူဝတ်ခဲ့တာဖြစ်တယ်လို့ အမျိုးသားရေးဆရာတော်က မိန့်ပါတယ်။
“ဒဂုံမြို့သစ်မြောက်ပိုင်းပေါ့ ဆရာတော်ကျောင်းတိုက်ကနေ ထွက်တယ်ဆိုရင်ပဲ မြို့နယ်ရဲစခန်းက ရဲစခန်းမှူးက ဖမ်းဝရမ်းပေါ့ လွန်ခဲ့တဲ့တနှစ်ကျော်က ရိုဟင်ဂျာမရှိပါဘူးဆိုတာ ဆန္ဒဖော်ထုတ်တာကို နိုင်ငံတော်က ၅၀၅(ခ)နဲ့စွပ်စွဲလိုက်တယ်။ စွပ်စွဲတဲ့ပုဒ်မ ဖမ်းဝရမ်းကိုထုတ်ပြပြီး ဆရာတော်ကို လိုက်ခဲ့ပါဆိုပြီး ခေါ်သွားတယ်။ ဆရာတော်ကမင်းတို့ဘာလုပ်မလဲ လုပ်စရာရှိတာ လုပ်ဆိုတာတော့ ဆရာတော်လိုက်သွားတယ် ။ စခန်းရောက်တော့ ဗဟန်းမြို့နယ်မှာရှိတဲ့ တိုင်းသံဃနာယက ရုံးကိုခေါ်သွားတယ် ဟိုကျတော့ ရန်ကုန်တိုင်းသံဃနာယကဆရာတော်က လက်မှတ်ထိုးပေးပြီး လူဝတ်လဲလိုက်တယ်။ ချက်ချင်းဆိုသလို စခန်းကိုခေါ်မသွားပဲ အင်းစိန်ထောင်ကိုတန်းပို့ လိုက်တယ်”
ဆရာတောဦပေါမောက္ခဟာ လာမယ့် နိုဝင်ဘာလ ၁၅ရက်နေ့မှာ သူဒကာ၊ဒကာမတွေရဲ့ လယ်သမားရေးကိစ္စတခုအတွက်ဆန္ဒထုတ်ဖော်ဖို့ စီစဉ်နေတုန်းမှာ ဖမ်းဆီးခဲရ့တာဖြစ်တယ်လို့ အမျိုးသားရေးဆရာတော်ကဆိုပါတယ် ။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စည်ပင်သာယာရေးကော်မတီရုံးရှေ့မှာ ဆန္ဒဖေါ်ထုတ်ဖို့ အတွက် မကွေးကျောင်းဆရာတော် ဦးပါမောက္ခ ဦးဆောင်ပြီး လယ်သမား ဦးအောင်စီ ကနေ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့စခန်း မှာ ခွင့်ပြုချက် လျောက်ထားခဲ့တာပါ။ဒီလိုလျောက်ထားပြီး ဆန္ဒပြဖို့ စီစဉ်နေစဉ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ရိုဟင်ဂျာမရှိတဲ့အကြောင်းဆန္ဒပြပွဲ ဦးဆောင်သူများကိုတော့ ငြိမ်းစုစီပုဒ်မ ၁၉နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပြီး ၂ဝ၁၇ ခုနှစ်မေလထဲမှာ ဆရာတော် ဦးပါမောက္ခအပါအဝင် ခုနစ်ဦးကိုလည်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမ ှဒုဦးစီးမှူး ဦးသန်းထွန်းအောင်က ရာဇသတ်ကြီး ပုဒ်မ-၅ဝ၅ (ခ)နဲ့ ထပ်မံအမှုဖွင့်ခဲ့ပါတယ်။
စက်တင်ဘာ လထဲမှာတော့ဆန္ဒပြမူမှာပါဝင်တဲ့ ကိုဝင်းကိုကိုလတ် ၊ကို နိုင်ဝင်းထွန်း၊ ကိုသက်မျိုးဦး နဲ့ ကိုနေဝင်းအောင် လေးဦးတို့ကို အမိန့်ချမှတ်ခဲ့ပြီး ဖမ်းဆီးခဲ့ပါတယ်။ အခုအခါမှာတော့ ဆရာတော်ဦးပါမေက္ခကို လူဝတ်လဲ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ လည်းအမျိုးသာရေးဆရာတော်က မိန့်ကြားခဲ့ပါတယ်။