သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောနဲ့ ရသေ့တောင်ဘုန်းကြီးကျောင်းမှာ ရခိုင်ဒုက္ခသည် ၁၀၀၀ ကျော်ခိုလှုံ


ဒေသခံများဘေးလွတ်ရာသို့ပြောင်းရွေ့ (State Counsellor Office Information Committee)
ဒေသခံများဘေးလွတ်ရာသို့ပြောင်းရွေ့ (State Counsellor Office Information Committee)

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်းက စစ်ဘေးရှောင် ဒုက္ခသည် တထောင်နီးပါး မောင်တောနဲ့ ရသေ့တောင်မှာရှိတဲ့ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်း မှာ ခိုလှုံနေကြရသလို ဒုက္ခသည်ဦးရေတွေကလည်း ဆက်ပြီးတိုးလာနေဆဲဖြစ်ပါတယ်။ ရခိုင်စစ်ဘေးရှောင်တွေကို အကူညီပေးနိုင်ဖို့အတွက် အလိုတော်ပြည့်ဆရာတော်က ရန်ကုန်မှာ ကူညီကယ်ဆယ်ရေးဌာန ဖွင့်လှစ် လိုက်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာအကြမ်းဖက် တိုက်ခိုက်မူတွေ ဖြစ်ခတ်မူတွေ မီးရှို့ဖျက်ဆီးမူတွေ ဖြစ်ပွားအပြီးမှာတော့ ရခိုင်ပြည်နယ်အတွင်းမှာ နှစ်ဘက်အသိုင်းအဝိုင်းက ဒေသခံတွေဟာနီးစပ်ရာကို ထွက်ပြေးခိုလှုံနေကြပါတယ်။ ဒီထဲမှာ ရခိုင်ပြည်မောင်တောနဲ့ ရသေ့တောင်က ဒုက္ခသည် ၁၀၀၀ နီးပါးဟာ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းမှာ ခိုလုံနေတာ ယာယီ လက်ခံပေးနေရတာတွေရှိနေတယ် ဆိုပါတယ်။ ဒီအတွက်ရခိုင်ဒုက္ခသည်တွေကို အကူညီပေးနိုင်ဖို့ ကူညီကယ်ဆယ်ရေးဌာနကို ရန်ကုန်မှာဖွင့်လှစ်လိုက်ပြီး ဒုက္ခသည်တွေကို အကူညီပေးသွားမှာဖြစ်တယ်လို့ အလိုတော်ပြည်ဆရာတော်ကြီးရဲ့လက်ထောက် ဆရာတော်အရှင်ကုမာရက အခုလိုမိန့် ပါတယ်။

“အခု ဦးပဉ္စင်းတို့ မောင်တောအလိုတော်ပြည့်ကျောင်းမှာ ဒုက္ခသည် ၄၀၀ ကျော်ရှိတယ်။ ရသေ့တောင် အလိုတော်ပြည့်ကျောင်းမှာဆိုရင် ၄၀၀ နီးပါးလောက်ရှိတယ်။ ဆိုတော့ အဲဒီ ဒုက္ခသည်တွေအတွက် လောလောဆည်စားဝတ်နေရေး ၊ ကျန်းမာရေးအတွက် တွေကတော့ အရေးပေါ်လိုအပ်နေတာပေါေ့နာ်။ ဦးပဉ္စင်းတို့မနေ့ကနေစပြီးတော့ ရခိုင်လူမျိုးနဲ့ ရခိုင်မြို့နေသူသားများအတွက်ပေါေ့နာ် ဒီအပြစ်မဲ့တဲ့ ရခိုင် စစ်ဘေးရှောင်ဒုက္ခသည်များအတွက်ကို ဦးပဉ္စင်းတို့ရန်ကုန်မြို့တာမွေ အလိုတော်ပြည့်ကျောင်းကနေပြီးတော့ ပြည်တွင်းပြည်ပ ဘယ်သူမဆိုလာရောက်ပြီးတော့ လှူဒန်းနိုင်ပါတယ်ပေါ့နော်။”

အခုဆိုရင် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲနေတာကြောင့် ဒုက္ခသည်တွေ ကယ်ဆယ်ရေး တွေလုပ်တဲ့အခါမှာ မလွယ်ကူူတဲ့အကြောင်းနဲ့ လူသူအရောက်အပေါက်နည်းတဲ့နေရာက လူထုအတော်များများကို ကယ်ထုတ်ဖို့ ကခက်ခဲနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“လက်တလောအနေအထားဆိုရင် ဦးပဉ္စင်းတို့ အထက်ပြူမ တို့ တောင်ပြိုတို့ ကြိမ်ချောင်းတို့ ငါးခူရတို့ အဲဒီဘက်တွေမှာဆိုရင် Transportation တွေက မကောင်းဘူးပေါ့လေ၊ မကောင်းတဲ့အခါကျတော့ သွားလာမှုက သိပ်ခက်ခဲတယ်။ တပ်မတော်နဲ့ ရဲလုံခြုံရေးကသွားပြီးတော့ ကယ်ထုတ်တာပေါ့လေ။ တချို့နေရာတွေ ကျတော့ သွားလာဖို့အခက်အခဲရှိတယ်။ လမ်းတွေမှာ မိုင်းတွေထောင်ထားတာတို့ တံတားတွေကို ဖျက်ဆီးထားတာတို့ ၊ မနေ့ကဆိုရင် ၇၀၀ နီးပါးလောက် ဝိုင်းထားတာတို့ မြင်နေရတာပေါ့လေ အကြမ်းဖက်သမားတွေ။ ကျန်တဲ့လူတွေကို အဲဒါတွေကို ကယ်ထုတ်နေရတာပေါ့နော် အခက်အခဲတွေကတော့ အများကြီးရှိနေတာပေါ့ တချို့ကျတော့လည်း အဲဒီ အမရဝတီတို့၊ ရွှေရင်အေးတို့ဘက်က လာတဲ့လူတွေကိုတော့ ဦးပဉ္စင်းတို့ကျောင်းမှာ ခိုလုံတော့ တတ်အားသမျှတော့ ဦးဆောင်ပြီးတော့ လုပ်ပေးနေတာပေါ့နော်။”

ပြီးခဲ့တဲ့အပတ်ကစပြီးမောင်တောဒေသမှာရှိတဲ့ ရဲတပ်ဖွဲ ကင်းစခန်း၂၀ကျော်ကို အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြပြီး လူပေါင်း ၁၀၄ဦးသေ ဆုံးခဲ့ပါတယ်။ ဒီအတွက် နှစ်ဖက်အသိုင်း အဝိုင်း ၂ခုလုံးက နီးစပ်ရာမှာ ထွက်ပြေးခိုလုံနေကြရာမှာ တချို့ ဒုက္ခသည်တွေကတော့ ရခိုင်ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလုံနေကြသလို တချို့ကတော့ ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို ထွက်ပြေးနေကြပါတယ်။ အခုချိန် ရခိုင်ပြည်နယ်အတွင်းမှာ မတည်ငြိမ်မူတွေရှိနေသေးတဲ့အတွက် အဲဒီ ဒေသမှာနေထိုင်သူတွေဟာ သူတိုရဲ့ အသက်အန္တရာယ် လုံခြုံရေးအတွက် စိုးရိမ်နေကြဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG