သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်ဆွေးနွေးပွဲ ပြန်စမယ့်အချိန် ကန်ဝန်ကြီး အာဖဂန်နစ္စတန် ရောက်ရှိ


အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့သို့ ရောက်ရှိလာသည့် အမေရိကန်ကာကွယ်ရေးဝန်ကြီး Mark Esper. (အောက်တိုဘာ ၂၀၊ ၂၀၁၉)
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့သို့ ရောက်ရှိလာသည့် အမေရိကန်ကာကွယ်ရေးဝန်ကြီး Mark Esper. (အောက်တိုဘာ ၂၀၊ ၂၀၁၉)

တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်စဖို့ ကြိုးပမ်းနေချိန်မှာပဲ အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper က ကြေညာမထားပဲ တနင်္ဂနွေနေ့က အာဖဂန်နစ္စတန်နိုင်ငံကို ရုတ်တရက် ရောက်ရှိသွားပါတယ်။

နိုင်ငံရေးသဘောတူညီချက် အပါအဝင်၊ ငြိမ်းချမ်းရေး သဘောတူညီချက်တချို့ ရဖို့ ခုချိန်ထိ မျှော်လင့်ထားပြီး ဒါဟာ ရှေ့ဆက်ဖို့ အကောင်းဆုံးနည်း ဖြစ်တယ်လို့ Esper က သူနဲ့အတူ လိုက်ပါသွားတဲ့ သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန်စစ်တပ်တွေ ပြည်ပမှာ ဖြန့်ကြက်ချထားမှု အရှည်ကြာဆုံးဖြစ်တဲ့ ၁၈ နှစ်ကြာ အာဖဂန်ပြည်တွင်းစစ်ကို ရပ်စဲဖို့ အနီးစပ်ဆုံး အခြေအနေ ရောက်လာချိန်မှာ အမေရိကန်-တာလီဘန် ဆွေးနွေးပွဲတွေကို ဖျက်သိမ်းကြောင်း သမ္မတ Donald Trump က ပြီးခဲ့တဲ့လထဲ ရုတ်တရက် ကြေညာခဲ့တာပါ။

အာဖဂန်မှာ အရပ်သားတွေကိုရော အမေရိကန်တပ်သားတွေကိုပါ တာလီဘန်သူပုန်တွေက သေကျေအောင် ဆက်ပြီး တိုက်ခိုက်နေတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကျဆုံးသွားပြီလို့ သမ္မတ Donald Trump က ကြေညာခဲ့တာ ဖြစ်ပါတယ်။

-------------------------------------

(Unicode)






တိုက်ရိုက် လင့်ခ်


XS
SM
MD
LG