သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား MH17 လေယာဉ်ပစ်ချမှု သံသယရှိသူတွေကိုဖေါ်ထုတ်


၂၀၁၄ မှာ ယူကရိန်းနိုင်ငံပေါ် ဖြတ်ကျော်ပျံသန်းစဉ် ပစ်အချခံခဲ့ရတဲ့ မလေးရှား လေကြောင်းလိုင်း လေယာဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့တဲ့ Netherlands နိုင်ငံဦးဆောင်တဲ့ နိုင်ငံတကာစုံစမ်းရေးအဖွဲ့က မသင်္ကာသူတွေအဖြစ် ရုရှားနိုင်ငံသား ၃ ယောက်နဲ့ ယူကရိန်း နိုင်ငံသား တယောက် ဖြစ်ကြောင်း ထုတ်ဖေါ်ပြောကြား လိုက်ပါတယ်။

လေယာဉ်ခရီးစဉ်အမှတ် MH17 လေယာဉ်ကို လေယာဉ်ပစ်လောင်ချာနဲ့ သူတို့ကိုယ်တိုင် ပစ်ချတာ မဟုတ်သည့်တိုင် သူတို့ဟာ ဒီလို ပစ်ချနိုင်ဖို့ အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဦးဆောင်စုံစမ်းခဲ့သူ အစိုးရရှေ့နေချုပ် Fred Westerbeke က ဗုဒ္ဓဟူးနေ့ the Hague မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မသင်္ကာဖွယ် ရုရှားလူမျိုး ၃ ယောက်ကတော့ Igor Girkin, Sergey Dubinskiy နဲ့ Oleg Pulatov တို့ဖြစ်ပြီး နောက်တယောက်က ယူကရိန်းလူမျိုး Leonid Karchenko ဖြစ်တယ်လို့ ပြောပါတယ်။

ဒီမသင်္ကာဖွယ်လူတွေကို လွှဲပြောင်းပေးဖို့ အတွက် ရုရှားနဲ့ ယူကရိန်းတို့က ခွင့်ပြုမှာ မဟုတ်သလို စုံစမ်းသူတွေဘက်ကလည်း ဒါကို တောင်းဆိုမှာ မဟုတ်ဖူးလို့လည်း Westerbeke က ပြောပါတယ်။

မသင်္ကာဖွယ် ၄ ယောက်ဟာ ၂၀၂၀ မတ်လထဲမှာ the Hague မှာ တရားရင်ဆိုင်ရမှာ ဖြစ်ကြောင်းလည်း Netherlands ရဲချုပ်က ကြေညာခဲ့ပါတယ်။

လေယာဉ်အမှုထမ်းနဲ့ ခရီးသည် စုစုပေါင်း ၂၉၈ ဦးလိုက်ပါလာတဲ့ Netherlands နိုင်ငံ Amsterdam မြို့ကနေ မလေးရှားနိုင်ငံ Kuala Lumpur မြို့ကိုသွားတဲ့ MH17 လေယာဉ်ဟာ ၂၀၁၄ ဇူလိုင်လ ၁၇ ရက်နေ့က ယူကရိန်းတပ်တွေနဲ့ ရုရှားလိုလားတဲ့တပ်ဖွဲ့တွေ ပဋိပက္ခဖြစ်နေတဲ့ ယူကရိန်းအရှေ့ပိုင်းကို ဖြတ်ကျော်ပျံသန်းစဉ်မှာ ရုရှားဒုံးကျည်နဲ့ ပစ်ချတာခံခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG