သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရေး ကန်ကာကွယ်ရေးဝန်ကြီး NATO အဖွဲ့နဲ့ ဆွေးနွေးမည်


Foto Achiv: Sekrete Defans Etazini Lloyd Austin pran la pawol pandan yon konferans pou lapres nan Pantagon nan Vandredi 28 Janvye 2022.
Foto Achiv: Sekrete Defans Etazini Lloyd Austin pran la pawol pandan yon konferans pou lapres nan Pantagon nan Vandredi 28 Janvye 2022.

ယူကရိန်းအရေး ကန်ကာကွယ်ရေးဝန်ကြီး NATO အဖွဲ့နဲ့ ဆွေးနွေးမည်

{{Zawgyi/Unicode}}
အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ဟာ NATO ခေါင်းဆောင်တွေ အပါအဝင် မဟာမိတ်ကာကွယ်ရေးဝန်ကြီးတွေ နဲ့ တွေ့ဆုံပြီး သိန်းနဲ့ချီတဲ့ ရုရှားတပ်တွေ ဝိုင်းခံထားရတဲ့ ယူကရိန်းအရေး ဆွေးနွေးဖို့ အင်္ဂါနေ့မှာ ဘယ်လဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော် ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့နဲ့ ကြာသာပတေးနေ့မှာ တွေဆုံကြပြီး ရုရှားက ယူရိန်းကို ဝင်ရောက်မတိုက်အောင်ဘယ်လိုလမ်းလွှဲပေးနိုင်မလဲဆိုတာတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

အဲဒီနောက်ကာကွယ်ရေးဝန်ကြီး Austin ဟာ ရုရှားနဲ့အိမ်နီးခြင်း NATO အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ လစ်သူရေးနီးယားနဲ့ ပိုလန်နိုင်ငံတွေကို ဆက်လက်ထွက်ခွါမှာဖြစ်ပါတယ်။

သောကြာနေ့မှာ ပိုလန်သမတနဲ့တွေ့ဆုံမှာဖြစ်ပြီး အဲဒီနောက်တော့ ပိုလန်မှာချထားတဲ့ အမေရိကန်တပ်တွေထံကိုသွားရောက်မှာဖြစ်ပါတယ်။ ပိုလန်နိုင်ငံကို အမေရိကန်တပ်တွေ ၉ သောင်းအထိတိုးချဲ့ ချထားမှာဖြစ်ပါတယ်။

သမတ ဂျိုးဘိုင်ဒင်က အင်္ဂါနေ့ကပြောဆိုရာမှာတော့ ရုရှားတပ်တွေ၁ သိန်းခွဲလောက် ဟာ မြောက်ဘက်ဘလာရုစ်နဲ့၊ တောင်ဘက် ခရိုင်းမီးယားဒေသတွေမှာ ချထားသလို၊ အရှေ့ဖက် ယူကရိန်းနယ်စပ်တလျောက်မှာချထားကြောင်းနဲ့ ရုရှားတပ်တချို့ ယူကရိန်းနယ်စပ်က ပြန်လည်ရုတ်သိမ်းခဲ့တယ်လို့ ရုရှားပြောပေမယ့် အမေရိကန်အနေနဲ့တော့ အတည်မပြုနိုင်သေးဘူးလို့ပြောဆိုခဲ့ပါတယ်။

...........................................

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}





XS
SM
MD
LG