လက်ပံတောင်းအရေးနဲ့ပတ်သက်လို့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပေါ်ထွက်လာတာဟာ အစိုးရခန့် ကော်မရှင်အတွက် အားတက်စရာလား၊ ကသိကအောက်ဖြစ်စရာလားဆိုတာကို လက်ပံတောင်း စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်လည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် လည်းဖြစ်တဲ့ ဒေါ်ခင်စန်းလှိုင်၊ ရှေ့နေများကွန်ယက်က ဦးလှထွန်း၊ ဓာတုဗေဒ ပညာရှင် ဒေါက်တာခင်မောင်ညိုတို့နဲ့အတူ ဦးကျော်ဇံသာက သောတရှင်တွေကို ဖိတ်ခေါ်ပြီး ဆွေးနွေးထားပါတယ်။