သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီဝင်ငွေလမ်းကြောင်း ပိတ်ဆို့ဖို့ အိမ်ဖြူတော်ရှေ့ဆန္ဒပြသမားတွေတောင်းဆို


စစ်ကောင်စီဝင်ငွေလမ်းကြောင်း ပိတ်ဆို့ဖို့ အိမ်ဖြူတော်ရှေ့ဆန္ဒပြသမားတွေတောင်းဆို
စစ်ကောင်စီဝင်ငွေလမ်းကြောင်း ပိတ်ဆို့ဖို့ အိမ်ဖြူတော်ရှေ့ဆန္ဒပြသမားတွေတောင်းဆို

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ထားရှိရေးအတွက် အမေရိကန်သမ္မတ အိမ်ဖြူတော်ရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

စစ်ကောင်စီဝင်ငွေလမ်းကြောင်း ပိတ်ဆို့ဖို့ အိမ်ဖြူတော်ရှေ့ဆန္ဒပြသမားတွေတောင်းဆို

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ စစ်လက်နက် ပစ္စည်းဝယ်ယူရေး အတွက် အဓိကဝင်ငွေ လမ်းကြောင်း တခုဖြစ်နေတဲ့ရေနံ နဲ့ သဘာဝဓာတ်ငွေ လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူဖို့နဲ့ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ထားရှိရေးအတွက် အမေရိကန်အစိုးရအနေနဲ့ လုပ်ဆောင်ပေးဖို့ တောင်းဆိုတဲ့ အနေနဲ့ ပြီးခဲ့တဲ့ စနေနေ့ စက်တင်ဘာ ၁၀ ရက်နေ့ မှာ ဝါရှင်တန်ဒီစီတဝှိက်က အဝေးရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ အမေရိကန်သမ္မတ အိမ်ဖြူတော်ရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေလုပ်ငန်းကို ပိတ်ဆို့ အရေးယူဖို့ အမေရိကန်လွှတ်တော် က တောင်းဆိုနေပေမယ့် အုပ်ချုပ်ရေး အပိုင်းက လုပ်ဆောင်ဖို့လိုနေသေးတဲ့အတွက် သမ္မတ အိမ်ဖြူတော်ရှေ့မှာ လာရောက် ဆန္ဒပြတာဖြစ်တယ်လို့ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုရင်အေး က ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ အဓိက ဝင်ငွေ လမ်းကြောင်းဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းအပေါ်ပိတ်ဆို့ အရေးယူဖို့ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန States Department မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေက တိုက်တွန်းတာတွေရှိသလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ကလည်း လေ့လာနေတယ်လို့ တုံ့ပြန်ပြောဆိုကြောင်း ကိုရင်အေးက ပြောဆိုခဲ့ပါတယ်။

စနေနေ့က ဆန္ဒပြပွဲမှာ တရုတ်ပြည် ရှင်ကျန်းပြည်နယ်က လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတဲ့ ဝီဂါမူဆင်လင်တွေနဲ့ အတူ ပူပေါင်းဆန္ဒပြခဲ့တာဖြစ်ပြီး၊ အင်အားရာဂဏန်းရှိတယ်လို့ ကိုရင်အေးက VOA ကိုပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

.............................................................


{{Zawgyi/Unicode}}




XS
SM
MD
LG