အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ Sweitzerland နိုင်ငံ Geneva မှာ စက်ဘီး မတော်တဆဖြစ်မှုကြောင့် ပေါင်အရိုးကျိုးသွားပြီး သူ့ရဲ့ခရီးစဉ်ကိုဖျက်သိမ်းခဲ့ပါတယ်။
မတော်တဆဖြစ်မှုအပြီး မစ္စတာ Kerry ကို ရဟတ်ယာဉ်နဲ့ Geneva ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ စက်ဘီး မတော်တဆဖြစ်မှုအတွင်း မစ္စတာ Kerry သတိမေ့မျောသွားတာမျိုးမရှိဘဲ အခြေအနေဟာ တည်တည်ငြိမ်ငြိမ်ရှိပြီး မကြာခင်မှာ နဂိုအတိုင်း ပြန်ကောင်းလာပါလိမ့်မယ်လို့ မျှော်လင့်ထားကြောင်းနိုင်ငံခြားရေးဌာနက ပြောပါတယ်။ မတော်တဆဖြစ်ချိန်မှာ Mr. Kerry ရဲ့ကားတန်းနဲ့အတူ ဆရာဝန်တယောက်နဲ့ အခြား ကျန်းမာရေးလုပ်သားတွေလည်း ရှိနေပါတယ်။ သူ့ရဲ့ပေါင်အရိုးအက်သွားပြီး ဘော်စတွန်မှာ ဆက်ကုသမှုခံယူမှာပါ။
မစ္စတာကယ်ရီရဲ့ အရင်က တင်ပဆုံရိုး ခွဲစိတ်ကုသထားတဲ့နေရာအနီးမှာ အခုလို ပေါင်ရိုးအက်သွားတာကြောင့် သူ့ကို တင်ပဆုံခွဲစိတ်ကုသပေးတဲ့ ဆရာဝန်ကပဲ ဒီပေါင်ရိုးအက်သွားတာကို ဆက်ကုသပေးမယ်လို့ သူ့ရဲ့ပြောခွင့်ရက ဆိုပါတယ်။
နိုင်ငံခြားရေးဝန်ကြီးကယ်ရီဟာ အီရန် နျူကလီးယားအရေးနဲ့ ပါတ်သတ်ပြီး သဘောတူညီမှုရဖို့ သတ်မှတ်ထားတဲ့ နောက်ဆုံးရက် ဇွန် ၃ဝ မတိုင်ခင်အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif နဲ့ တွေ့ဆုံဖို့ Switzerland ကိုရောက်ရှိနေတာဖြစ်ပါတယ်။