သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဥပဒေကြမ်းနှစ်ခုအတွက် ဒီမိုကရက်အမတ်တွေနဲ့ သမ္မတ ဆွေးနွေး


ဒီမိုကရက်အမတ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လွှတ်တော်ကိုရောက်လာတဲ့ အမေရိကန်သမ္မတ Joe Biden. (အောက်တိုဘာ ၁၊ ၂၀၂၁)
ဒီမိုကရက်အမတ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လွှတ်တော်ကိုရောက်လာတဲ့ အမေရိကန်သမ္မတ Joe Biden. (အောက်တိုဘာ ၁၊ ၂၀၂၁)

(Zawgyi / Unicode)

သမ္မတ Joe Biden ဟာ သောကြာနေ့က ကွန်ဂရက်လွှတ်တော်မှာ ဒီမိုကရက်အမတ်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး သူ့ရဲ့ အဓိကလုပ်ငန်းကြီးတွေဖြစ်တဲ့ နိုင်ငံ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဥတုရာသီပြောင်းလဲမှု တိုက်ဖျက်ရေးတို့ ပါဝင်တဲ့ ဥပဒေမူကြမ်း အတည်ဖြစ်အောင် မဖြစ်မနေ လုပ်သွားမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

"ဒါကို ကျအောင်လုပ်သွားမှာပါ။ ဘယ်တော့လဲဆိုတာ အရေးမကြီးပါဘူး။ ၆ မိနစ်ပဲဖြစ်ဖြစ်၊ ၆ ရက်ပဲဖြစ်ဖြစ်၊ သီတင်း ၆ ပတ်ပဲဖြစ်ဖြစ်ပါ၊ အောင်မြင်အောင် ကျနော်တို့ လုပ်သွားပါမယ်" လို့ သမ္မတ Biden က ပြောပါတယ်။

ဒီမိုကရက်ပါတီတွင်းမှာ သဘောထားကွဲလွဲပြီး ဥပဒေမူကြမ်းတွေ အတည်ပြုရေးကိစ္စ အဟန့်အတား ဖြစ်လာပြီးတဲ့နောက် သမ္မတ Biden ကိုယ်တိုင် သူ့ပါတီက အမတ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။

ရန်ပုံငွေ ဒေါ်လာ ၁ ထရီလီယံ သုံးစွဲဖို့ လျာထားပြီး ပါတီနှစ်ရပ်လုံးက အမတ်တွေ ပါဝင်ရေးဆွဲထားတဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေမူကြမ်း အတည်ပြုဖို့ကိစ္စမှာသာမက ဒီမိုကရက်တစ်ပါတီက ရေးဆွဲထားတဲ့ လူမှုဖူလုံရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဥတုရာသီပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ ရန်ပုံငွေ ဒေါ်လာ ၃.၅ ထရီလီယံ ဥပဒေမူကြမ်း အတည်ပြုဖို့ကိစ္စမှာပါ ဒီမိုကရက်အမတ်တွေကြား သဘောထား ကွဲလွဲနေကြပါတယ်။

အခြေခံအဆောက်အုံ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေမူကြမ်းကို အထက်လွှတ်တော်မှာ ပြီးခဲ့တဲ့လက မဲခွဲဆုံးဖြတ်ခဲ့တာမှာ ရီပတ်ဘလစ်ကန်အမတ် ၁၉ ယောက်က ဒီမိုကရက်အမတ် ၅၀ နဲ့အတူ ထောက်ခံမဲပေးခဲ့တဲ့အတွက် အတည်ဖြစ်ထားပြီးသားပါ။

ဒါပေမယ့်လည်း ရန်ပုံငွေပိုများတဲ့ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာနဲ့ လူမှုဖူလုံရေးဆိုင်ရာ အသုံးစရိတ်ဥပဒေကို အတည်ပြုဖို့ ကိစ္စမှာတော့ ပါတီနှစ်ရပ်လုံးက အမတ်တွေ ပါဝင်ထောက်ခံတာမျိုး ရမထားသလို ဒီမိုကရက်အမတ်တချို့ကပါ ဒီလောက်များတဲ့ အသုံးစရိတ်ကို မထောက်ခံနိုင်ဘူးဆိုပြီး ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)








XS
SM
MD
LG