သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကပ်ဘေးဒဏ်သင့် တလပြည့်နေ့ ဂျပန်မှာ ငလျင်ထပ်လှုပ်


ကပ်ဘေးဒဏ်သင့် တလပြည့်နေ့ ဂျပန်မှာ ငလျင်ထပ်လှုပ်
ကပ်ဘေးဒဏ်သင့် တလပြည့်နေ့ ဂျပန်မှာ ငလျင်ထပ်လှုပ်

ဂျပန်နိုင်ငံ အရှေ့မြောက်ဘက်မှာ အင်အားပြင်း ငလျင်တခု ဒီကနေ့ ထပ်မံလှုပ်ခတ်ခဲ့လို့ ဂျပန်တာဝန်ရှိသူတွေက ဆူနာမီသတိပေးချက် ယာယီထုတ်ပြန်ခဲ့ရပါတယ်။ ငလျင်ပြင်းအား ၇ ဒဿမ ၁ ရှိတယ်လို့ အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာနက အစောပိုင်းမှာပြောခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြင်းအားကို ၆ ဒဿမ ၆ ကို ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။

ရေဒီယို ဓါတ်ရောင်ခြည်တွေ စိမ့်ထွက်နေတဲ့ ဖူကူရှီးမား (Fukushima) နျူကလီးယား ဓါတ်အားပေး စက်ရုံနားမှာ နေကြတဲ့သူတွေအနေနဲ့လည်း ရေရှည်ကျန်းမာရေးထိခိုက်လာမှာ စိုးရိမ်တဲ့အတွက် ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ သက်ဆိုင်ရာက တိုက်တွန်းထားပါတယ်။ မတ်လ ၁၁ ရက်နေ့က ငလျင်နဲ့ ဆူနာမီဒဏ် အဓိကခံထားရတဲ့ အရှေ့မြောက်ကမ်းရိုးတမ်း ဒေသဘက်မှာပဲ ဒီကနေ့ ဆူနာမီသတိပေးချက်ကို ထုတ်ခဲ့ရပေမဲ့ ၁ နာရီလောက်အကြာမှာပဲ ပြန်ပြီး ရုတ်သိမ်းခဲ့ပါတယ်။

ဖူကူရှီးမား နျူကလီးယား ဓါတ်အားပေးစက်ရုံ ဝန်ထမ်းတွေကိုလည်း ယာယီ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ နျူကလီးယားဆိုင်ရာ လုံခြုံစိတ်ချမှုရှိရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ငလျင်ဒဏ်ခံရပြီးနောက်မှာ ရေဒီယို ဓါတ်ရောင်ခြည် ပမာဏ အပြောင်းအလဲ မရှိဘူးလို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဂျပန်နိုင်ငံ အရှေ့မြောက်ကမ်းရိုးတမ်းဒေသဘက်မှာ မြို့လုံးကျွတ် ရွာလုံးကျွတ် ပျက်ဆီးစေခဲ့တဲ့ ပြင်းအား ၉ ရစ်ချ်တာ စကေးရှိတဲ့ မြေငလျင်နဲ့ ဆူနာမီဒဏ်ခံရပြီး ၁ လ တိတိပြည့်တဲ့နေ့မှာ အခုလို နောက်ဆက်တွဲ ငလျင် ထပ်လှုပ်တာ ဖြစ်ပါတယ်။ သေဆုံးသူ အလောင်းပေါင်း ၁ သောင်း ၃ ထောင်ကျော်ကို ပြန်လည်ရရှိပေမဲ့ ၁ သောင်းခွဲလောက် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

XS
SM
MD
LG