သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူရဦးရွှေမန်း သွားမယ့် အမေရိကန် ခရီးစဉ်


Tributes pour in from the music world after British pop superstar George Michael, who rose to fame with the duo Wham! and a string of smash hits including "Last Christmas", died aged 53. Michael died of apparent heart failure on Christmas Day at his home in Goring, a village on the River Thames in Oxfordshire, west of London, after an award-winning career spanning more than three decades.
Tributes pour in from the music world after British pop superstar George Michael, who rose to fame with the duo Wham! and a string of smash hits including "Last Christmas", died aged 53. Michael died of apparent heart failure on Christmas Day at his home in Goring, a village on the River Thames in Oxfordshire, west of London, after an award-winning career spanning more than three decades.

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ John Boehner ရဲ့ ဖိတ်ကြားချက် အရ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုကို ဧပြီလ ၂၉ ရက်နေ့မှာ ရောက်ရှိလာဖို့ရှိပါတယ်။ ဒီခရီးစဉ် အတွင်း အမေရိကန်လွှတ်တော်ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံတဲ့ အခါ မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အလားအလာ စတဲ့ ကိစ္စရပ်တွေကို အဓိက အာရုံစိုက် ဆွေးနွေးသွားမှာဖြစ်တယ် လို့ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ကပြောဆိုလိုက်ပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယကလည်းဖြစ် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ လည်းဖြစ်တဲ့ သူရဦးရွှေမန်းရဲ့ အမေရိကန်ပြည်ထောင်စုခရီးစဉ် အကြိုအဖြစ်VOA ရန်ကုန်ရုံး အယ်ဒီတာ ဒေါ်ခင်စိုးဝင်း က ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးကို ဆက်သွယ်မေးမြန်းရာမှာ ဦးလှမြင့်ဦးက အခုလိုစပြီး ရှင်းပြပါတယ်။

"ပြီးခဲ့တဲ့နှစ် သြဂုတ်လက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ လာတုန်းက အမေရိကန်ပြည်ထောင်စုကို လာဖို့ ဖိတ်ကြားသွားပါတယ်။ ကျနော်တို့ ပြီးခဲ့တဲ့ သြဂုတ်လ ကတည်းက သွားဖို့ စီစဉ်တာပေါ့လေ။ နှစ်ဖက် အကြောင်း မညီညွတ်တော့ အခုမှ ကျနော်တို့က သွားရတာ။ လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ပဲ ဖိတ်တာပါ။ အစိုးရအပိုင်းရော၊ လွှတ်တော်အပိုင်းရော နောက်ပြီးတော့ တခြား အဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံဖို့ရှိပါတယ်။"

မေး။ ။ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ဒီဘက်က ဘာတွေများ ပြင်ဆင်သွားပါလဲရှင့်။

"ဆွေးနွေးမယ့် အကြောင်းအရာကတော့ ကျနော်တို့ သူတို့ မေးမြန်းတဲ့အပေါ်မှာ မူတည်ပြီးတော့ ပြန်လည်ဆွေးနွေးဖို့ ပြင်ဆင်သွားတာပေါ့လေ။ ဆွေးနွေးဖို့ အကြောင်းအရာကတော့ လွှတ်တော် နဲ့ပတ်သက်လို့ ကျနော်တို့ ဆောင်ရွက်နေတဲ့ အခြေအနေတွေ နောက်ပြီးတော့ သူတို့မေးနိုင်တဲ့အထဲက တရားမျှတ တဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေတွေ နောက်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စတွေပေါ့လေ နောက်ပြီးတော့ ပြဋ္ဌာန်းဆဲ ဥပဒေတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ အနေနဲ့ မေးမြန်းနိုင်တဲ့ ဥပဒေတွေပေါ့လေ ဒီကိစ္စတွေအတွက် ပြင်ဆင်သွားပါတယ်။"

မေး။ ။ အခုလောလောဆယ် လူအများ စိတ်ဝင်စားနေကြတာပေါ့လေ။ ၂၀၁၅ ဒီနှစ်ထဲမှာ ကျင်းပမယ့် ရွေးကောက်ပွဲ နဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အလားအလာနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်မှာ တာဝန်ရှိပုဂ္ဂိုလ် တယောက်အနေနဲ့ ဘယ်လိုများ သုံးသပ်လို့ရပါလဲရှင့်။

"ရွေးကောက်ပွဲ အနေအထားက အဓိက တာဝန်ရှိတဲ့ ကျနော်တို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ကလည်း ကြေညာ ထားပြီးပါပြီ။ နိုဝင်ဘာလဆန်း အောက်တိုဘာ လကုန်ပေါ့လေ။ အဲ့ဒီ့တော့ ဒီအတွက် ကြေညာထားပြီးလည်းဖြစ်လို့ ရွေးကောက်ပွဲကတော့ ကျင်းပဖို့အတွက် ဒါပဲ ရှိပါတယ်။ ကျနော်တို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အပိုင်းနဲ့ကတော့ ဟိုတလောကပဲ ပြည်သူ့လွှတ်တော်ကနေပြီးတော့ အဆိုပြု ထားတဲ့ ခြောက်ပွင့်ဆိုင် ခြောက်ဦး တွေ့ဆုံဆွေးနွေးဖို့ဆိုတာ ပထမတကြိမ်ဖြစ်ပြီးပါပြီ။ ပထမ အကြိမ် ဆွေးနွေးပြီးတော့ သူတို့ အစီအစဉ် ချမှတ်ပြီးတော့ မေလထဲမှာပဲ လွှတ်တော်ပြန်လည်ကျင်းပတဲ့အချိန်မှာ ဆက်လက်ဆောင်ရွက်ဖို့ ရှိပါတယ်။ အဲ့ဒီ့မှာဆိုရင်တော့ အကြောင်းအရာတွေက ပါလာနိုင်ပါတယ်။ အဲ့ဒီ့အကြောင်းအရာတွေပေါ် မူတည်ပြီးတော့ပဲ ပြောလို့ရမှာပါ။

မေး။ ။ အမေရိကန်ပြည်ထောင်စု ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ပြည်သူ့ လွှတ်တော်ရော၊ ပြည်ထောင်စု လွှတ်တော်ရော အမေရိကန်ပြည်ထောင်စု ဆက်ဆံရေးကပေါ့လေ။ ဘာပဲပြောပြော ဆက်ဆံရေးက အများကြီး တိုးတက်လာတယ်လို့ အကြမ်းဖျင်း သုံးသပ်လို့ရတယ်ပေါ့လေ။ ဒီလိုမျိုး အမေရိကန် ပြည်ထောင်စု လွှတ်တော်နဲ့ ဆက်ဆံရေး ကောင်းလာတာနဲ့ အမျှ မြန်မာနိုင်ငံမှာ အမေရိကန်ပြည်ထောင်စုရဲ့ ပံ့ပိုးကူညီမှုတွေ တိုးတက်မှုရှိမယ်လို့ ယူဆပါလားရှင့်။

" အော် ကျနော် အဲ့လိုပဲ ယူဆပါတယ်ခင်ဗျာ။ အမေရိကန်ပြည်ထောင်စုမှာ ဆိုလို့ရှိရင်လည်း ကျနော်တို့ အမေရိကန်ပြည်ထောင်စု ကွန်ကရက်ရဲ့ အရှိန်သြဇာက အင်မတန် ကြီးမားပါတယ်။ ကြီးမားတဲ့အခါကျတော့ လွှတ်တော်ပိုင်းက ထိတွေ့မှု၊ နားလည်မှု ပိုများလာလို့ရှိရင် ပိုပြီးတော့ လုပ်ရကိုင်ရတာ ပိုပြီး အဆင်ပြေပါတယ်။ အဲ့တော့ ကျနော်တို့က သွားတဲ့အခါမှာ ကျနော်တို့ အရင် ၂၀၁၃ခုနှစ် ဇွန်လထဲ သွားတုန်းက ဒီမိုကရက်ပါတီရော ရီပတ်ပလင်ကန်က ခေါင်းဆောင်တွေနဲ့ တွေ့ရပါတယ်။ အခုတခေါက် သွားမယ် ဆိုလို့ရှိရင်လည်း ကျနော်တို့ ရီပတ်ပလင်ကန်က ဆီနိတ်တာ မစ်မက်ကောနယ်လ် တို့လို လူများစုခေါင်းဆောင်နဲ့တွေ့ဖို့ ဟိုတလောကဆိုရင်လည်း လူနည်းစုခေါင်းဆောင် ဒီမိုကရက် ပါတီခေါင်းဆောင် နမ်စီပလိုစီတို့နဲ့ တွေ့ခဲ့ တာတွေ ရှိပါတယ်။ ကျနော်တို့ သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဖို့ စီစဉ်ထားပါတယ်။"

မေး။ ။ ဟုတ်ကဲ့ပါ။ အခုတလော သတင်းဖြစ်နေတဲ့ ကိစ္စတခုကတော့ မြန်မာအစိုးရ ကနေပြီးတော့ အမေရိကန်ပြည်ထောင်စုရဲ့ လွှတ်တော်တို့ ကွန်ကရက်တို့ကို ချဉ်းကပ်ဖို့ ဆိုပြီးတော့ ကြားကနေ ဝန်ဆောင်မှုပေးနေတဲ့ Podesta Group အဖွဲ့ကို ဌားလိုက်တဲ့ကိစ္စပါ။ အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရော။

" ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့လည်း သတင်းထဲပါမှပဲ သိရပါတယ် ဒေါ်ခင်စိုးဝင်း။ အင်တာနက် သတင်းတွေထဲ ပါလာတော့မှာ ဒီ Podesta နဲ့ ဌားရမ်းပြီးတော့ သုံးမယ်ဆိုတာ တွေ့ရပါတယ်။ ကျနော်တို့ လွှတ်တော်နဲ့ တိုက်ရိုက်အဆက်အဆံ မရှိပါဘူး။ "

မေး။ ။ဟုတ်ကဲ့ ဟိုဘက်ကို ရောက်ရင်ရော သူတို့နဲ့ တွေ့ဖို့ရှိပါလားရှင့်။

" ဟုတ်ကဲ့။ သူတို့ကတော့ လာတွေ့မှာပါပဲခင်ဗျ။ သူတို့က ဘာဖြစ်လို့လဲဆိုတော့ တနိုင်ငံလုံး အတွက် လုပ်ပေးရမှာဆိုတော့ ကျနော် မျှော်လင့်ထားတာပေါ့လေ။ ကျနော်တို့ တနိုင်ငံလုံး အတွက် လုပ်ပေးရမယ်ဆိုတော့ အစိုးရပိုင်းက ပုဂ္ဂိုလ်တွေနဲ့ လည်း သူသိချင်မှာပဲ။ လွှတ်တော်ပိုင်းက ပုဂ္ဂိုလ်တွေနဲ့လည်း သူသိချင်မှာပဲ။ ကျနော်ထင်ပါတယ်။ သူတို့ လာဆက်သွယ်ဦးမှာပါ။ "

သူရဦးရွှေမန်းရဲ့ အမေရိကန်ပြည်ထောင်စုခရီးစဉ် အကြိုအဖြစ်VOA ရန်ကုန်ရုံး အယ်ဒီတာ ဒေါ်ခင်စိုးဝင်း က ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးကို ဆက်သွယ်မေးမြန်း ထားတာဖြစ်ပါတယ်။

XS
SM
MD
LG